Cancer ကင်ဆာ နှင့် အရပ်ဆေးနည်းများ

ဆရာဝန်ကို မေးတာတွေ မဟုတ်ပါ။

၁။ ကျွန်မအဖေ အသက် ၇၇နှစ်ရှိပါပြီ အဆုပ်ကင်ဆာလို့ အဆုပ်နှင့်ရင်ခေါင်းအထူးက ကင်ဆာဆရာဝန်စီ (ဆီ) လွှဲပါတယ်ရှင့် လူနာကို ကင်ဆာလို့ အသိမပေးချင်တာကတကြောင်း ဆေးသွင်းရင် ဒဏ်မခံနိုင်မှာစိုးတာကော ကင်ဆာဆရာဝန်က လူနာကိုကင်ဆာလို့ပြောလိုက်မှာစိုးပီး(ပြီး) ကင်ဆာဆရာဝန်နှင့်မပြဘဲ ဗမာဆေးနဲ့ ကုနေပါတယ်ရှင့် ဘယ်လိုကုသင့်လဲရှင့် အကြံပေးစေလိုပါတယ်ရှင့်

၂။ လူနာရှင်ပါရှင့် ရင်သားကင်ဆာကို အကြိတ်ခွဲထုတ်ပြီး ဆရာဝန်နဲ့ဆက်မကုပဲ တိုင်းရင်းဆေးကုထားပါတယ် လူကတော့ ကျန်းမာပါတယ်  (၅)လ အကြာမှာ အကြိတ်တစ်လုံး(တလုံး)ပြန်ပေါ်လာလို့ တိုင်းရင်းဆေးနဲ့ ဆက်မကုချင်တော့ဘူး ဆရာဝန်နဲ့ပြန်ကုချင်တယ် ဆေးမတည့်ဖြစ်ပြီးတတ်လား ဘာဆိုးကျိုးရှိနိုင်လဲ  

ကူညီဝေမျှပေးကြပါအုံးရှင့်

ကင်ဆာမှန်သမျှ 

၁။ စောစောသိရမယ်။

၂။ စနစ်တကျ ကုသရမယ်။

၃။ ပြန်ပြချိန်မှာ ပြန်ပြရမယ်။

၄။ အရပ်ဆေး၊ ဖေ့စ်ဘွတ်ဆေး၊ ဗမာဆေး၊ ကုလားဆေး၊ တရုပ်ဆေးတွေ မသင့်ပါ။

၅။ အစားအသောက်အတွက် ပူပင်ရန် မရှိပါ။ ကုသပေးနေတဲ့ဆရာဝန်က ရှောင်ပါဆိုတာကလွဲရင် တသက်လုံးစားလာတာတွေ အကုန် စားနိုင်တယ်။ ဖြည့်စွက်စာတွေအတွက် ပိုက်ဆံအပိုကုန်မခံသင့်ပါ။ ကင်ဆာကုရတာကိုက အကုန်အကျ များတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ