Chemotherapy for ovarian cancer မျိုးဥအိမ်ကင်ဆာကို ခီမိုသာရာပီးပေးမယ်ဆိုရင်

- သားဥအိမ်ကင်ဆာဖြစ်တာ ဆေးဘယ်နှစ်ကြိမ်သွင်းရလဲ တစ်ကြိမ်(တကြိမ်)သွင်းရင်ရော ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ကင်ကင်တို့ရေအားကိုးပါတယ်နော်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ တဦးက ကူညီဖြေပေးထားတယ်။

- သူများကိုမေးတာနဲ့စာရင် ကင်ဆာဆရာဝန်ကိုမေးပါ အကြိမ်အရေအတွက်ပြောပြပါတယ် နေပြည်တော်ဇဗ္ဗူသီရိမှာတခါဓါတ်ကင်ရင်

တသိန်းခွဲ ပေးရပါတယ် ကင်ဆာဆိုတာ သိရရင်အမြန်ကုသပါ

ယူအက်စ်အေ ကင်ဆာဌာနတခုရဲ့ လမ်းညွှန်ကို တင်ပြပါမယ်။

မျိုးဥအိမ်ကင်ဆာကို ခီမိုသာရာပီးပေးမယ်ဆိုရင် ပဌမနေ့က စပေးမယ်။ ၃-၄ နာရီကြာမယ်။ 

ရက်ခဏနားပြီး ဆေးရဲ့ ဘေးထွက်သက်ရောက်မှုကို စစ်ဆေးမယ်။ 

၃ ပတ်တကြိမ်ကို ဆိုက်ကယ်တခုလို့ ခေါ်တယ်။ 

အများအားဖြင့် စုစုပါင်း ၆ ဆိုက်ကယ် ပေးတယ်။ 

တချို့ကို ဆိုက်ကယ် ပိုပေးရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ