Chemotherapy ဖေ့စ်ဘွတ် ကင်ဆာအထူးကုများသို့

မေးခွန်းတခု = ကီမို စစသွင်းလူနာကလေ သွင်းနေရင်း ၁ကြိမ်မှာတင် တခြားရောဂါကုဖို့အတွက် ကီမိုကဒုက္ခပေးနိုင်လို့ ကင်ဆာဆရာဆရာဝန်က သွင်းတာရပ်ခိုင်းထားတာလေ အဲ့လိုသွင်းနေရင်းရပ်ရင် ဘယ်လောက်ကြာကြာရပ်လို့ရလဲ ပြန်သွင်းရင်အကြိမ်ရေအစကပြန်စတာလား ကြားထဲမသွင်းရင် ကင်ဆာကပျံနိုင်တာပေါ့နော်

ဒီလိုမေးခွန်းကို ကုသပေးနေတဲ့ ဆရာဝန်တွေကသာ မှန်အောင် ဖြေနိုင်ပါသည်။ ကျွန်တော်လည်း ဆရာဝန် အတိအကျ မဖြေနိုင်ပါ။ ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်က အသင့်မှန်ဆုံး ဆောင်ရွက်ပေးပါလိမ့်မယ်။

 ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်တွေက ဘယ်လိုဖြေကြမလည်းတာ့ မသိပါ။ ခေတ်ကလည်း ကင်ဆာဆို ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။ 

ဘာတွေစားရမလဲ ဘယ်အစာတွေ ရှောင်ရမလဲ ဖြေတာတွေ တခုမှ မှန်တာ မတွေ့ပါ။ ကင်ဆာနဲ့ အစားအစာ ရန်သူ မဟုတ်ပါ။

စောစောက ဆေးဘယ်မှာရှာရမလဲမေးခွန်းမျိုး မေးသင့် ဖြေသင့်တယ်။ ဆေးပြန်လှူချင်ပါတယ် တင်သင့်တယ်။ လှူသင့်တယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ