Do's and Don'ts to Reduce Your Risk of Cancer ကင်ဆာအန္တရာယ်ကာကွယ်ရေး

၁။ ဆေးလိပ်မသောက်ပါနဲ့။

၂။ ကြိုတင်ဆန်ခါတင်စစ်ဆေးတာတွေလုပ်ပါ။

၃။ အရက်မသင့်ပါ။

၄။ အရေပြားကို နေရောင်ကနေကာကွယ်ပါ။

၅။ လူကတက်ကြွမှုရှိနေပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၆။ ကိုယ်အလေးချိန်ထိန်းပါ။

၇။ သွေးဆုံးချိန်မှာ အိုဂျီမညွှန်ဘဲ ဟော်မုန်းအစားထိုးကုသတာမလုပ်ပါနဲ့။

၈။ ဆရာဝန်ကညွှန်ရင် ကင်ဆာကာကွယ်ဆေး ဥပမာ selective estrogen receptor modulators သောက်ရင် ရင်သားကင်ဆာကို ကာကွယ်ထားနိုင်တယ်လို့ Mayo Clinic ကဆိုပါတယ်။

၉။ Radiation exposures ဓါတ်ရောင်ခြည်သင့်ရှောင်ရှားပါ။ ionizing radiation ခေါ်တဲ့ gamma rays, high-energy UV rays နဲ့ X-rays တွေဖြစ်တယ်။

၁ဝ။ အသီးအရွက်နဲ့ အသီးအနှံကလုပ်တဲ့အစာတွေကို ဦးစားပေးစားသုံးပါ။ အထူးသဖြင့် အူမကြီးကင်ဆာကို ကာကွယ်ရာကျတယ်။ ပြုပြင်ထားတဲ့အစားတွေ နည်းပါစေ။ အချိုရည်တွေ နည်းသောက်ပါ။

၁၁။ Know your family cancer history မိသားစုကင်ဆာရာဇဝင်သိပါသလား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ