Foods for Blood သွေးအားနှင့် အစားအသောက်

နမူနာမေးခွန်း တခုသာ တင်ပါမယ်။
သားဥပြွန်ကင်ဆာ အဆင့် ၃ပါရှင့် ကင်ဆာဆေးသွင်းထားတာ ၃ကြိမ်ရှိပါပီ(ပါပြီ) သွေးအဖြေ PLT 60ကျော်ဘဲရှိနေလို့ ဆေးဆက်သွင်းလို့မရသေးပါ ကင်ဆာဆရာဝန် သွေးရောဂါဆရာဝန်နဲ့ တလှည့်ဆီပြနေပေမဲ့ သွေးအဖြေကတက်မလာပါဘူရှင် သွေး PLT တက်စေမဲ့ အစားအသောက်လေးများ ညွန်ကြားပေးကြပါရှင်
ပါပီ = puppy ခွေးကလေး။
ကင်ဆာနေရာမှာ ဘာကင်ဆာဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် အစားအသောက်ကိုသာ ဦးစားပေး မေးကြတယ်။ ဖြေတဲ့သူတွေကလည်း ဟိုဟာတွေ မစားနဲ့၊ ဒီဟာတွေစား။ အစားအမည်တွေကလည်း ဘာလာလာ ဒါ။ မဟုတ်ပါ။ ဆောရီး။
သွေးအားဆိုတာ -
- သွေးနီဥ၊
- သွေးဖြူဥ နဲ့
- သွေးမှုန်လို့ ရှိတယ်။
- ဗီတာမင်တချို့ (ဘီ-၁၂ နဲ့ စီ) ကလည်း သက်ဆိုင်တယ်။
သွေးနီဥအတွက်သာ သံဓါတ်ကြွယ်တာ စားရတယ်။ ကျန်တာတွေက ပုံမှန် အာဟာရပြည့်တဲ့ အစားအသောက်ကိုသာ စားသောက်ရမယ်။ အဆန်းတွေတော့ မဟုတ်ပါ။ တမိသားစုလုံး စားနေတာတွေ။
တကယ်အားနည်းသူကို လူနာတဦးစီအလိုက် ဆေးသို့မဟုတ် သွေး ပေးပါလိမ့်မယ်။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ