Heart Muscles အဲလို ဘယ်သူကပြောပါသလဲ

ဆရာခင်ဗျာ ခြေသလုံးကြွက်သားလေ့ကျင့်ခန်းပုံမှန်လုပ်လျှင် နှလုံးကြွက်သားအားကောင်းတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျာ ကျေးဇူးပါ

အဲလို ဘယ်သူကပြောပါသလဲ။

တရားဖြစ်ဖြစ်၊ ရသဖြစ်ဖြစ်၊ သုတဖြစ်ဖြစ်၊ ဆေးပညာဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ အတင်းအဖျင်းဖြစ်ဖြစ် ဘယ်အကြောင်းအရာမဆို ဘယ်သူက၊ ဘယ်ထဲမှာ၊ ဘယ်တုန်းက၊ ဘယ်လိုပြောသလဲ၊ ရေးသလဲ၊ ဟောသလဲကို သိရပါတယ်။

ဖေ့စ်ဘွတ်မှာကတော့ အကာင့်တခုရှိသူတိုင်းက အထူးကုတွေ။ လက်ရှိအကောင့် ပျက်သွားလည်း အမည်သစ်နဲ့ဖွင့်ပြီး အထူးလိုင်းတခု လာမယ်။ လူကြိုက်ကလည်း များတာကိုး။ ဖေါ်လိုဝါတွေ၊ သာဝကတွေလည်း ပေါသတဲ့။ ရောင်းလို့လည်း ကောင်းသတဲ့။

မြန်မာပြည်မှာပေါ့။

မေးခွန်းမေးသူရဲ့ နှလုံးကြွက်သား ဘာဖြစ်နေသလဲကို ဆေးစာစာလုံးနဲ့ သိရရင် ဖြေနိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ

Comments