Lady's fingers ရုံးပတီသီး

ရုံးပတီ (၁၉၉၁ မြန်မာအဘိဓာန်)
ရုံးပတီသီး (ကဝိဓဇ သတ်ပုံကျမ်း)
ရုံးမတီသီး (အွန်လိုင်း သတ်ပုံကျမ်း)
အရပ်ခေါ်များ
• ဂုံးပတီသီး
• ရုံးပတေသီး
• ရုံးပဒေသီး
• ရုံးပလေသီး
• ရုံပဒီသီးသီး
• ရုန်းပတီးသီး
• ရုန်းပတီသီး
• ရုန်းပတေသီး
• ရုန်းပဒီသီး
• ရုန်းပဒေသီး
ရုံးပတီသီး ၁ဝဝ ဂရမ်ကနေရနိုင်တဲ့အာဟာရဓါတ်
ကလိုရီ 33
စုစုပေါင်းအဆီ 0.2 g 0%
ပြည့်ဝဆီ 0 g 0%
ပေါ်လီမပြည့်ဝဆီ 0 g
မိုနိုမပြည့်ဝဆီ 0 g
ကိုလက်စထော 0 mg 0%
ဆိုဒီယမ် 7 mg 0%
ပိုတက်ဆီယမ် 299 mg 8%
စုစုပေါင်း ကာဗွန်ဟိုက်ဒရိတ် 7 g 2%
ဖိုက်ဘာ 3.2 g 12%
သကြား 1.5 g
ပရိုတင်း 1.9 g 3%
ဗီတာမင် အေ 14%
ဗီတာမင် စီ 38%
ကယ်လ်စီယမ် 8%
သံဓါတ် 3%
ဗီတာမင် ဒီ 0%
ဗီတာမင် ဘီ-၆ 10%
ဗီတာမင် ဘီ-၁၂ 0%
မက်ဂနီဆီယမ် 14%
ရခိုင်တောင်ပိုင်းမှာ “ချောချောသီး” သို့မဟုတ် “ချောတောင့်သီး” ခေါ်ပြီး ရခိုင်မြောက်ပိုင်းမှာတော့ “ကောင်းကင်မျှော်သီး” ခေါ်ပါတယ်။ (ကျေးဇူး။)
ရုံးပတီသီးကို အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ နီပေါ၊ ဘင်္ဂလားဒက်ရှ်တို့မှာ Bendi (ဘင်ဒီး) လို့ခေါ်ကြတယ်။ အမေရိကမှာတော့ Okra (Okro) လို့ခေါ်ကြတယ်။ ဗြိတိသျှ အင်္ဂလိပ်စကားသုံးတဲ့တိုင်းပြည်တွေမှာ Ladies finger (Ladies' fingers) လို့ခေါ်ကြတယ်။ 
ကျွန်တော်တော့ လေးဒီးစ်ဖင်ဂါးလို့ခေါ်တာကို ပိုသဘောကျတယ်။ ခွဲစိတ်ဆရာဝန်တို့ရဲ့ အရည်အချင်းသုံးရပ်ထဲမှာ ထည့်ရေးထားသလို သေးသွယ်ပျော့ပြောင်းတဲ့ မိန်မပျိုလက်ချောင်းများလို ခွဲစိတ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကိုင်တာတွယ်တာ၊ ဖြတ်တောက်တာ၊ ချုပ်လုပ်တာမှာ ညင်သာမှုရှိရမယ်လို့ ဖေါ်ညွှန်းပါတယ်။ အဲဒါက လေးဒီးစ်ဖင်ဂါး။
လူတွေစားသုံးတဲ့ အစားအသောက် ကုန်သလောက် ရေးထားတာတွေ ဘလော့မှာ ရှိပါတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ