Meta ဖေ့စ်ဘွတ် ဒုက္ခတချို့

ဖေ့စ်ဘွတ် ပေ့ချ် ခေါ် စာမျက်နှာမှာ လူလာများတယ်။ ကွန်မင့်တွေလည်း များတယ်။ 

ဒါပေမဲ့ တချို့ကွန်မင့်တွေက ဘာရေးမှန်း မသိ။ သတ်ပုံကြောင့် မဟုတ်ဘဲ ဆိုလိုတာကို နားမလည်ပါ။ တချို့ကွန်မင့်တွေက နည်းနည်းရိုင်းစိုင်းတယ်။ 

ကင်ဆာနေရာ ၂ ခုကို နေ့စဉ်နေ့တိုင်း သွားဖတ်ပြီး ဆရာဝန်ကိုမေးတာမဟုတ်လည်း ဖြေသင့်ရင် မေးတဲ့သူရဲ့ မက်စင်ဂျာ ဖတ်ပါရန်လို့ ရေးပြီး မက်စင်ဂျာကနေ ဖြေတယ်။ 

ကင်ဆာနေရာမှာ မေးသူတချို့က မက်စင်ဂျာ မပါတော့ ဖြေမရပါ။ 

ကွန်မင့်နေရာကနေလည်း လင့်ပို့လို့မရတဲ့ စည်းကမ်း ရှိပုံရတယ်။ စည်းကမ်းထားတာ ကောင်းပါတယ်။

ဖေ့စ်ဘွတ် ပေ့ချ် ခေါ် စာမျက်နှာကနေ ဆေးစစ်ချက်ပုံတွေကို ဘယ်သူကပို့ပို့ ရှင်းရှင်းလင်းလင်း ဖတ်မရနိုင်။

ချဲ့လည်း မရ။ ကွန်မင့်ကိုနှိပ်လည်း သူ့ဆီ သွားမရ။

ရိုးရိုးဖေ့စ်ဘွတ် မင်စင်ဂျာက အဆင်ပြေတယ်။

နေမကောင်းလို့မေးတာတွေ ဖြေတာမှာ ရိုးရိုးဖေ့စ်ဘွတ် မင်စင်ဂျာကိုသာ အများဆုံးသုံးပါတယ်။ 

တချို့က ကင်ဆာရောဂါအဖြေကို တော်တော်နဲ့ မဖတ်ကြ။ ကနေ့တယောက်က ၂၀ ရက်တိတိကြာမှ ကျေးဇူးပါတဲ့။

ဘလော့တိုင်းလည်း မကောင်းပါ။ ဘလော့ထားသူတွေ ကင်ဆာဖြစ်ရင် မေးလို့ရကြမှာ မဟုတ်တော့။ တခြား ဆရာဝန်တွေတော့ အများကြီးရှိပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ