Morphine မော်ဖိန်းဆေး၏ ဘေးထွက်သက်ရောက်မှုများ

Morphine ဆက်တိုက်သောက်လာတာ ၂လကျော် ၃လ လောက်ရှိလာပြီ  နေရင်း မျက်လုံး တွေ အရမ်းဝါးလာပါတယ် တခြား သောက်နေရတဲ့သူတွေရော ဖြစ်ကြလား သိချင်ပါတယ် ရေရှည် သောက်သွားရမှာမို့ မျက်လုံးအတွက် စိုးရိမ်လို့ပါ။

မော်ဖိန်းဆေး၏ ဘေးထွက်သက်ရောက်မှုများ

Drowsiness အိပ်ချင်၊

stomach pain and cramps ဗိုက်အောင့်၊

dry mouth အာခေါင်ခြောက်၊

headache ခေါင်းကိုက်၊

nervousness စိတ်မတည်ငြိမ်၊

mood changes စိတ်မူပြောင်း၊

small pupils မျက်စိသူငယ်အိမ်ကျဉ်း၊

difficulty urinating or pain when urinating ဆီးသွားရခက်၊ ဆီးသွားရင်နာ။

ဆေးတိုင်းမှာ အားဆေးဆိုတာဖြစ်စေ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ လိုအပ်ရင် သုံးကြရပါတယ်။ မူးယစ်အုပ်စုဝင်ဆေးတွေကိုပါ သုံးကြရတယ်။ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်ရင် သုံးရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ