NACLO-R ACECLOFENAC, RABEPRAZOLE

ဆရာရှင့် ပုံပါဆေးကိုကျမကအာရုံကြောအားဆေးထင်နေမိတာပါ ဆရာပြောမှအနာသက်သာဆေးဆိုတာသိရပါတယ် အဲ့ဆေးကို သောက်ခိုင်းတုန်းက ဆရာ၀န်က ဘယ်နှစ်လဘယ်နှစ်ရက်သောက်ပါလို့မပြောလိုက်ပါဘူးရှင် အဲ့ဆေးပေးပြီးတော့ ၆ လနေရင် လာပြန်ပြ(ပြန်လာပြ)ပါလို့ပဲပြောလိုက်ပါတယ်ဆရာ အခုမှအနာသက်သာဆေးဆိုတာသိရတော့ ဒီဆေးကို ကျမအမြဲတမ်းစွဲသောက်လို့ရော ရပါ့မလားရှင် အကိုက်အခဲပျောက်ဆေး‌ နေ့တိုင်းသောက်နေရသလိုမျိုးများဖြစ်နေမလားဆရာ အခုတောင် အစာအိမ်က အချဉ်ပြန်ပြန်တက်နေတာပါ အနာသက်သာဆေးတွေက အကိုက်အခဲပျောက်ဆေးတွေလိုပဲအစာအိမ်ထိခိုက်နိုင်ပါသလားရှင်။ဒီဆေးသောက်တာ သုံးကဒ်တော့ရှိပါပြီဆရာ။အကြောတက်တာနံရိုးတွေနာတာတော့သက်သာပါတယ်ဆရာ။ ကျမရဲ့ခါးသိမ်ဘယ်ဘက်နံရိုးထဲကအိပ်မရအောင် ဘေးစောင်းလို့ မရလောက်အောင်ကိုနာလို့ကျောက်ကပ်ထင်ပြီးသွားပြတာပါဆရာ ကျောက်ကပ်က ကျောက်တည်လို့နာတာမျိုး မဟုတ်လို့ ကျောက်ကပ်ဆရာ၀န်က ဒီဆေးကိုပေးလိုက်တာပါ။ ၆လနေမှသူ့ဆီပြန်ပြခိုင်းတာပါဆရာ။ ဘယ်လောက်သောက်ရမယ်ဆိုတဲ့အချိန်မျိုးတော့ မပြောလိုက်ပါဘူး ကျမကဒီဆေးကိုအာရုံကြောအားဆေးလို့ထင်ခဲ့မိလို့ ဘယ်လောက်ကြာကြာသောက်ရမလဲဆိုတာမမေးလိုက်မိတာပါရှင်။အဲ့တာကျမဒီဆေးကိုရေရှည်6လလောက်အထိစွဲသောက်လို့ရနိုင်ပါ့မလားဆိုတာလေးပြောပြပေးပါဦးဆရာ ကျေးဇူးတင်ပါတယ်ရှင်

ဆရာလည်းကျန်းမာချမ်းသာပါစေ ခါးရိုးမကြီးဘေးနားကအကြောတွေနာ တင်ပါးခွက်တွေနာတက်လို့ ဒီဆေးကိုတော့ နာတဲ့အခါသောက်ဆိုပြီး ပေးလိုက်တာပါဆရာ

ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ အကိုက်အခဲသက်သာဆေးတွေ အမျိုးမျိုးရှိတယ်။ ပုံထဲကဆေးလည်း အတူတူ။ ဆေးတွေအကြာကြီးသောက်ရင် ကျောက်ကပ်ကို ထိခိုက်မှာ သတိထားရတယ်။ လိုရင်တော့ သောက်ရတယ်။ အနာသက်သာဆေးလိုဆေးတွေမှာ ပဋိဇီဝဆေးတွေလို ဆေးပတ်လည်တာ မရှိ။ လိုတဲ့အချိန်မှသာ သောက်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ