Privacy ပရိုက်ဗေစီ

(ကန်တော့)

ဖုန်းနဲ့ မေးတာ မကိုင်ပါ။ အခုလေးတင် ၂ ခုလာတယ်။ အရင်ကလည်း မကြာခဏ တင်ပြထားတယ်။

ကွန်မင့်ကမေးတာ မဖြေပါ။ ကွန်မင့်မှာ ရောဂါအစုံ ရေးမေးတယ်။ လူကြီးမင်းတို့ရဲ့ တကိုယ်ရေအတွင်းရေးကို လူတကာဖတ်ခိုင်းသလို မလုပ်သင့်ပါ။

အီးမေးလ်နဲ့ မက်စင်ဂျာကနေလည်း ဝမ်းပုံ၊ သုက်ရည်ပုံ၊ ကိုယ်ဝန်ပျက်တဲ့ပုံ၊ သွေးဆင်းတဲ့ပုံ၊ ဆီးပုံ၊ အန်ဖတ် စတာတွေ ခဏခဏလာတယ်။ ဝမ်း၊ သလိပ်၊ သွေးဆိုတာ မျက်စိနဲ့ကြည့်ရတာမျိုး မဟုတ်ပါ။ မိုက်ကရိုစကုပ် ခေါ် အနုကြည့် မှန်ဘီလူးနဲ့သာ စစ်ရတာ။

ကျွန်တော့်မှာ ရုံးခန်းမရှိပါ။ ကိုယ့်အိမ်မှာပဲ ဖြေရပါတယ်။ အနားမှာ မိသားစုဝင်တွေ၊ အလည်လာသူတွေက အမြဲလိုလို ရှိတတ်တယ်။ တခါတလေ ဘုန်းကြီးကျောင်းမှာ။ တခါတလေ စာသင်ကျောင်းမှာ။ အရုပ်တွေက မေးခွန်းနဲ့အတူ တန်းပေါ်လာတယ်။ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေလည်း မဖွင့်ရဲပါ။

ဆရာဝန်ဖြစ်လို့ ညစ်ပေတာတွေကို မကြောက်ပါ။ သားဖွားခန်းနား ကလေးမွေးတာ စောင့်ရင်း အစာစားတတ်ပါတယ်။ ဝမ်းပုံရတော့ ညစာစားတော့မှာ။ ကလေးဝမ်းပုံလာတော့ မနက်ထ ကော်ဖီသောက်နေရင်း ဖြေနေပါတယ်။ ကျေးဇူးပြုပြီး အခြေခံအကျဆုံးယဉ်ကျေးမှုကို သတိပြုစေလိုပါတယ်။

လိင်လမ်းပုံကို ယောက်ျားတွေရော အမျိုးသမီးတွေကပါ ပို့တယ်။ ပုံတွေပို့ရင် လုံခြုံရေးကို သတိထားရတယ်။ ကျွန်တော်က သမားကျင့်ဝတ်သာ စောင့်ထိန်းနိုင်ပေမယ့် အင်တာနက်ကို ဘယ်သူမှ မပိုင်ပါ။ ကျွန်တော့် ပရိုက်ဗေစီသာမက လူကြီးမင်းတို့ ပရိုက်ဗေစီပါ သတိထားကြစေလိုတယ်။

မက်စင်ဂျာကနေ စာရေး မေးပါရန်။ သတ်ပုံမမှန်လည်း နားလည်ရင် ဖြေပါတယ်။

ကျွန်တော့ဆီကိုသာ မဟုတ်ပါ။ ကင်ဆာနေရာနှစ်ခုမှာ ကိုယ်ရေးအချက်အလက်တွေနဲ့ မေးနေကြတယ်။ ဆေးစစ်ချက်ပါ အမည်၊ အသက် စတာတွေကို မဖျက်ဘဲ တင်ကြတယ်။ လမ်းဘေးဇရပ်နံရံမှာ စာရေးသလိုဘဲ။ ဆရာဝန်ကိုမေးတော့ အသက်-ကျား-မ မပါကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ