Stroke လေဖြတ်ခြင်း

ဦးနှောက်သွေးကြော မတော်တဆမှု တမျိုးမျိုးဖြစ်သူတွေ ကိုယ်တခြမ်း အရင်ကလို အလုပ် မလုပ်နိုင်ကြတော့ပါ။ ဆေးညာစာတွေကို အင်္ဂလိပ်လိုသာသင်ရတော့ CVA လို့ အတိုကောက်ခေါ်တယ်။ အရပ်သုံးအင်္ဂလိပ်လို Stroke လို့ခေါ်ပါတယ်။

လူနာတွေက မြန်မာစကားသာပြောကြတာဖြစ်တော့ လေဖြတ်တယ်လို့ အများဆုံးသုံးပါတယ်။

ဆေးပညာမေးခွန်းတွေ ဖြေရတော့ ရောထွေးခေါ်ဝေါ်နေကြတာ ဖတ်ရတယ်။ တချို့က လေဖျန်းတဲ့။ တချို့က လေဖြန်းတဲ့။ တချို့ကရောချတယ်။

ဖြတ်တာနဲ့ ဖျန်းတာ မတူပါ။

လေဖြတ် = ကိုယ်ခန္ဓာသွေးကြောများအတွင်း၌ လိုအပ်သော လေတွန်းပို့အား ပြတ်တောက် ချို့တဲ့သည်။ အကြောသေသည်။ သွက်ချာပါဒဖြစ်သည်။

လေဖျန်း = ကိုယ်ခန္ဓာအစိတ်အပိုင်းများသို့ လေအားကြီးစွာ တွန်းကန်သက်ရောက်သဖြင့် ရောင်ရမ်းခြင်း ဖြစ်သည်။

မြန်မာအဘိဓာန် အကျဉ်းချုပ်မြန်မာတိုင်းရင်းဆေးအသုံးအရ ရေးထားတာသာဖြစ်တယ်။ လေအားလို့ ဆရာဝန်တွေက မသုံးပါ။ ဦးနှောက်သွေးကြောပိတ်ပြီး သွေးမလျှောက်တာနဲ့ သွေးကြောပေါက်ထွက်ပြီး သွေးယိုတာ။ ဘယ်လိုနည်းဖြစ်ဖြစ် ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်။ စစ်ဆေးမှာသာ အတိအကျ သိတယ်။ ကုသနည်း မတူပါ။

ကိုယ်ရောင်တာကိုသာ ဖျန်းတယ်လို့ သုံးရပါမယ်။ 

ကိုယ်တခြမ်းအလုပ်ပုံမှန်မလုပ်နိုင်တာကို လေဖြတ်တယ်က မှန်တယ်။

ဆေးပညာမှာ စာလုံးလေးတလုံးကစ အရေးကြီးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ