Symptoms of Breast Cancer ရင်သားကင်ဆာလက္ခဏာများ

(ကန်တော့)

ရင်သားကင်ဆာဖြစ်ရင် ဘယ်လိုလက်ခဏာတွေပြလဲရှင့် မျှဝေပေးပါအုံးနော် ဘယ်ဘက်ရင်သားက ခဏခဏတစစ်စစ်(တဆစ်ဆစ်)နဲ့မလို့ပါ

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ 

တယောက်နဲ့တယောက် မတူတတ်ပါ။ တချို့က ဘယ်လိုမှ မထူးခြားဘဲ စစ်ဆေးမှသာ သိတာလည်း ရှိတယ်။

1. ရင်သားတဖက်ဖက် သို့မဟုတ် ချိုင်းတဖက်ဖက်မှာ အလုံးအကျိတ်စမ်းရခြင်း။

2. ရင်သားတဖက်ဖက်က အရေပြားတနေရာ ထူလာခြင်း။

3. ရင်သားတဖက်ဖက်က အရေပြား အနေရခက်သလိုဖြစ်လာခြင်း။

4. ရင်သားတဖက်ဖက်က အရေပြားခွက်ဝင်နေခြင်း။

5. ရင်သားတဖက်ဖက်က နို့သီးခေါင်းခွက်ဝင်နေခြင်း။

6. ရင်သားတဖက်ဖက်က အရောင်ရင့်အဝိုင်းနေရာ အရောင်ပြောင်းလာခြင်း။

7. ရင်သားတဖက်ဖက်က နို့သီးဖျား ခွက်ဝင်ခြင်း။

8. ရင်သားတဖက်ဖက်က နို့ သို့မဟုတ် သွေး ထွက်ခြင်း။

9. ရင်သားပုံပန်း အရွယ်အစားပြောင်းလာခြင်း။

10. ရင်သားနာခြင်း။

သံသယရှိရင် ဆရာဝန်ပြပါ။ အာထွာဆောင်း သို့မဟုတ် မင်မိုဂရမ်နဲ့ စစ်ဆေးပါလိမ့်မယ်။

ဖေ့စ်ဘွတ်မှာ ရေးတာတိုင်းကိုတော့ မယုံပါနဲ့။ အရပ်ဆေးနည်းတွေ မလုပ်ပါနဲ့။

Breast Cancer Risk ရင်သားကင်ဆာ အန္တရာယ်များ https://dr-tint-swe.blogspot.com/2021/07/breast-cancer-risk.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ