TB တီဘီရောဂါ

Dr. ရှင့် ကိုယ်ဝန်သည်က TB ရောဂါကူးစက်ခံရသည်ရှိသော် ဘယ်လို့ကုသမှုမျိုး ခံယူလို့ရပါသလဲရှင့် ဖြေကြားပေးပါအုံးရှင့်။ ကျွန်မက ဝန်ထမ်းဆိုတော့ အတူထိုက် အတူစားတဲ့ သူငယ်ချင်းက ချောင်းဆိုးတာရှည်လို့စစ်ကြည့်တာ TB လို့ အဖြေထွက်လာလို့ပါရှင့်။

တီဘီ ရောဂါဆိုတာ AFB + ve ခေါ် သလိပ်ထဲမှာ ပိုးပါနေသူ ချောင်းဆိုးတာကို ရှူမိသူတွေ တီဘီကူးစက်နိုင်တယ်။ သလိပ်ထဲ ပိုးမတွေ့သူကနေ မကူးလောက်။ 

သလိပ်ထဲပိုးပါနေသူနဲ့ ၆ ပေအတွင်းနေသူတွေကို ကူးစက်ကောင်း ကူးစက်နိုင်တယ်။ 

ဒါပေမဲ့ BCG ခေါ် တီဘီကာကွယ်ဆေးထိုးထားသူတွေနဲ့ တီဘီပိုးကိုတနည်းနည်းနဲ့ ခံနိုင်ရည် ရှိနေသူတွေကို မတူးစက်ပါ။ BCG ကို ကလေးတိုင်း မွေးစကတည်းက ထိုးပေးတယ်။

တီဘီဖြစ်နေ မနေ စစ်နည်း တွေ တင်ပြထားတယ်။

တီဘီကုသနည်းလည်း တင်ပြထားတယ်။

MDR TB ခေါ် ဆေးယဉ်တီဘီအကြောင်းလည်း တင်ပြထားတယ်။

အားလုံး ဆရာ့ဘလော့မှာ ရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ