Albumin – Creatinine – Sodium – low နည်း

လေးစားရပါသောဆရာ ကျမအမေ ရဲ့သွေးစစ်ချက်တွေကိုပို့ပေးလိုက်ပါတယ်။ ဘာရောဂါမှမရှိဘူး အသားဓာတ်လျှေ့ာတယ်လို့ပြောပါတယ်။ အမေက အိပ်ရာမှာ လှဲနေတာ ခြောက်လလောက်ရှိပါပြီ။ ဘာဆေးတွေတိုက်ရင်ကောင်းပါသလဲ ကျေးဇူးပြုပြီးကူညီပေးပါဆရာ အစဥ်လေးစားလျှက်(လျက်)

Albumin – low နည်း

Creatinine – low နည်း

Sodium – low နည်း

Albumin ဟာ ပုံမှန် 3.4 to 5.4 g/dL ရှိရမယ်။ Malnutrition ခေါ်အာဟာရမပြည့်ဝရင် နည်းမယ်။

liver disease အသည်းရောဂါ၊ kidney disease ကျောက်ကပ်ရောဂါနဲ့ inflammatory disease ရောင်ရမ်းရောဂါ တခုခုရှိရင်လည်း နည်းမယ်။ 

Low creatinine နည်းတာကို ခန္ဓာကိုယ်သေးသူတွေ၊ ကိုယ်အလေးချိန်နည်းသူတွေမှာ တွေ့ရတတ်တယ်။

chronic kidney disease နာတာရှည်ကျောက်ကပ်မကောင်းသူ၊ 

reduced kidney function ကျောက်ကပ်အလုပ်နည်းသူတွေနဲ့ အာဟာရချို့တဲ့သူတွေမှာလည်း နည်းမယ်။

muscular dystrophy, or by aging အသက်ကြီးသူတွေမှာ ကြွက်သားတွေကျုံလှီလို့လည်း နည်းမယ်။

Pregnancy ကိုယ်ဝန်ဆောင်နေစဉ်များလည်း နည်းနိုင်တယ်။

low sodium level (hyponatremia) ဆိုးဒီယမ်နည်းတာကို

kidney failure ကျောက်ကပ်အလုပ်မနိုင်သူ၊

heart failure နှလုံးအလုပ်မနိုင်သူ၊

cirrhosis အသည်းခြောက်သူတွေနဲ့

diuretics ဆီးဆေးသောက်ရသူတွေမှာ တွေ့မယ်။

မေးခွန်းထဲပါသူဟာ အဲဒီရောဂါတခုခုဖြစ်နေ မနေ ကျွန်တော်ကတော့ မပြောနိုင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ