APML လူကီးမီးယား တမျိုး

၁။ ကျွန်မ မောင်လေး အသက် ၁နှစ်ခွဲပဲရှိပါသေးတယ် မကြာခဏဖျားလို့ သွေးစစ်ကြည့်ရာကနေ ဆရာဝန်တွေက APML လို့ပြောပါတယ် ရောဂါအကြောင်းရှာတာလည်းမတွေ့လို့ သိတဲ့သူတွေရှင်းပြပေးလို့ရမလားရှင့် ကုသလို့ရနိုင်မလားဟင်

ဆရာဝန်ကို မေးတာတော့မဟုတ်။ ဖြေပါမယ်။

Acute promyelocytic leukaemia (APML) လူကီးမီးယား တမျိုး

ရှားတယ်။ AML ထဲမှာ 10% သာရှိတယ်။ immature abnormal neutrophils သွေးဖြူဥတွေ မူမမှန်ဖြစ်တာ။

2022 American Society for Hematology (ASH) annual meeting အဆိုအရ 95% ကနေ 98% အထိ ပြန်ကောင်းတယ်။

https://www.cancer.net/cancer-types/leukemia-acute-myeloid-aml/statistics

၂။ ဆရာရှင့် ကီမို လေးကြိမ်ပြီးလို့ ခြင်ဆီပြန်စစ်တဲ့အဖြေပါရှင့် ဘာဆေးမှလဲ မသောက်ခိုင်းတော့ပါဘူး AML က ၆၀ လထက် ပိုနေနိုင်တဲ့သူ မရှိတာလား ဆရာရှင့်

AML ရောဂါရှိသူ အသက် ၂၀ နှစ်နှင့်အထက်၊ ၅ နှစ်အသက်ရှင်နှုန်း 27% ရှိတယ်။

AML ရောဂါရှိသူ အသက် ၂၀ နှစ်အောက်၊ ၅ နှစ်အသက်ရှင်နှုန်း 69% ရှိတယ်။

ဆေးသုတေသနက ယူအက်စ်အေမှာဖြစ်တယ်။ မြန်မာပြည်ကဆေးသုတေသန မတွေ့သေးပါ။ ကံတရားလည်း လူတိုင်းမှာရှိတယ်။

Leukemia လူကီးမီးယား သွေးကင်ဆာ https://dr-tint-swe.blogspot.com/2021/05/leukemia.html

Acute promyelocytic leukaemia (APML) https://www.leukaemia.org.au/blood-cancer/leukaemia/acute-promyelocytic-leukaemia/

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ