Biopsy ဘိုင်အော့ပ်စီ စစ်ခြင်း

ရင်သားကအကြိတ်(အကျိတ်) အသားစစစ်တာ ဘယ်လောက်ကြ(ကျ)လည်း သိချင်လို့ပါခင်ဗျ နောက်ပြီး အသားစစ်မှ ဘာဖြစ်မှန်းသိတာလား သိချင်လို့ပါ

ဘိုင်အိုစီစစ်မှသိတာပါ ဆေးခန်းနေရာနမူတည်ပါတယ် ခန်းမှန်းတော့ တသိန်းကျော်ကြ(ကျ)ပါတယ်ခဗျ

ကျွန်တော်က တခါမှမလုပ်ဖူးလို့အကို အသားစကို ပြန်စစ်တာလား ဘိုင်အိုစီစစ်က

ကျမအဖေတော့ လည်းပင်း အသားစစစ်တာ သုံးသောင်း ပေးရပါတယ် ပြည်သူ့ဆေးရုံ မှပါ

၆၀၀၀၀ လောက်ကုန်မည် အဖြေသိမှဆေးကုလို့ရမည်

တယောက်ကမေးတာကို သိသူတွေက ဖြေထားတယ်။ ကျွန်တော်ကတော့ ပြည်တွင်းက ကုန်ကျစရိတ် မသိပါ။ ဆောရီး။

Ultrasound-guided breast biopsy ဘိုင်အော့ပ်စီ စစ်ခြင်း ယူအက်စ်အေမှာ ပျမ်းမျှ $2,535 ကုန်ကျတယ်။ ကယ်လီဖိုးနီးယားမှာ $2,800 ကနေ $3,170 အထိကုန်ကျတယ်။ သူတို့ဆီမှာ ကျန်းမာရေးအာမခံစနစ်ရှိတယ်။ အာမခံထားသူတွေအတွက် ကုမ္ပဏီကနေပေးတယ်။ ကျန်းမာရေးအာမခံကုမ္ပဏီက အပြည့်ပေးတာ၊ မပေးတာလည်း ရှိတယ်။ မတူကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ