Bleeding Mole မှဲ့ကနေ သွေးထွက်ခြင်း

ဆရာရှင့် နှာခေါင်းဘေးမှာ မှဲ့နီရှိတာကိုဖဲ့မိပီး(ပြီး) သွေးအဆက်မပြတ် အများကြီးစီးကျလာပါတယ် တော်ရုံသွေးမတိတ်နိုင်ပါဘူးရှင့်။ Tissue နဲ့ဖိပိတ်ပီး(ပြီး) ဆေးတခုခုနဲ့ ပိတ်အောင်လိမ်းလိုက်မှ တိတ်ပါတယ် မျက်နှာသစ်လို့ အဲ့အဖုကိုထပ်ထိမိရင် စောကလို သွေးတွေအဆက်မပြတ် ထပ်ထွက်ပါတယ်ဆရာ

အန္တရယ်(အန္တရာယ်) ရှိနိုင်လားရှင့် အခြေနေက ဆရာဝန်ကိုသွားပြစရာလိုပါသလားရှင့်။ ဘာဆေးတွေလိမ်းပေးလို့ရပါသလဲရှင့် ဘီတာဒိုင်းဆေးဝါတွေရော လိမ်းလို့ရပါသလားရှင့် ပိုးဝင်မှာလည်းကြောက်လို့ပါရှင့်။

Bleeding သွေးယိုခြင်း ရှေးဦးသူနာပြု

Heavy bleeding သွေး များများယိုထွက်ခြင်း

ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။

ဖြစ်စေသည့်အကြောင်းအရာများ

မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊

လက္ခဏာများ

ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊

ကုသရန်

• လူနာမကိုင်မီ လက်ကို စဉ်ကြယ်အောင် ဆေးပါ။

• လက်အိပ်စွပ်ပါ။

• လူနာကို လှဲနေစေပါ။

• ခြေရင်းပိုင်း မြှင့်ထားပါ။

• သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။

• မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။

• သန့်ရှင်းသော အဝတ်စ၊ ပတ်တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို (၂ဝ) မိနစ်ခန့် ဖိထားပါ။

• အဝတ်စ၊ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာကပ်ပါ။

• သွေးထပ်စိုလာပါစေ ပတ်တီးမဖယ်ပါနှင့်။

• လိုအပ်ပါက နောက်ထပ်၍ ပတ်တီး၊ ပလာစတာသုံးပါ။

• လိုအပ်ပါက သွေးထွက်စေသော သွေးလွှတ်ကြောအား ဖိအားပေးပါ။ ဥပမာ လက်ဆိုလျှင် ဂျိုင်း၊ လက်မောင်း ခြေထောက်ဆိုလျှင် ပေါင်ခြံ၊ ပေါင်။

• ပိုးမဝင်အောင် ဆေးအဖြစ် Cipladine/Betadine/Pivodine ဆေးကိုအသုံးများတယ်။ 

Sterilization ပိုးသန့်ခြင်း https://dr-tint-swe.blogspot.com/2021/01/sterilization.html

Povidone-Iodine ပိုးသန့်ဆေး https://dr-tint-swe.blogspot.com/2023/06/povidone-iodine.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ