အချက်အလက်မှန်တွေအတွက် ကျေးဇူး

မျိုးရိုးလိုက်တာလားလို့ သံသယဖြစ်မိပါတယ်ဆရာ။ ပန်းလှိုင်ဆေးရုံမှာ ဆုံးသွားတဲ့ ကျနော့နှမငယ်က သားအိမ်ကင်ဆာပါ။

ကျနော်တို့ရဲ့ဖခင်က တရုပ်လူမျိုးပါ။ သူ့အဖေ ကျနော့်အဖေကြီးက အစာအိမ်ကင်ဆာနဲ့ ဆုံးပါတယ်။ အမေကြီးက အသည်းကင်ဆာ ရေဖျင်းရောဂါနဲ့ ဆုံးပါတယ်။သူတို့ရဲ့ တတိယသား(ကျနော့်ဘဒွေး)က သွေးကင်ဆာနဲ့ ဆုံးတယ်။ အားလုံး အသက် ၆၀ ဝန်းကျင်မှာ ဆုံးပါးသွားကြတာ။

ဒါပေမယ့် ကျနော့်အဖေက ဦးဏှောက်သွေးကြောပြတ်လို့ ၅၀ကျော်မှာ ရုတ်တရက်သေတယ်။

သူ့အကို (ကျနော့်ဖခင်ရဲ့အကို)ကျနော့်ဘကြီးက ၇၀ကျော်မှ လူကြီးရောဂါနဲ့ သေတယ်။

မျိုးရိုးကြောင့်ဆိုတာထက် နေထိုင်မှုဘဝ အစားအသောက်တွေကြောင့် ကင်ဆာဖြစ်ရတယ်လို့ထင်မိပါတယ်ဆရာ။

မဆလခေတ်မှာ လူဖြစ်ခဲ့ရတော့ ပြည်ပသွင်းကုန်ရှားပါးလှတဲ့ အဲဒီခေတ်အခြေအနေမှာ ကင်ဆာနဲ့သေတယ်ဆိုတာ မကြားဖူးခဲ့သလောက်ပါပဲ။ပြည်ပသွင်းကုန်ဆိုတာ အခုခေတ်လိုမှ မရှိတာ။

အခုလက်ရှိ ဗမာပြည်ကလူတွေ(ကြောက်စရာကိန်းဂဏန်းတွေနဲ့) ကင်ဆာရောဂါအဖြစ်များနေကြတာဟာ..သဘာဝမဟုတ်တဲ့အစားအစာတွေကြောင့်လို့ပဲ တထစ်ချယူဆမိပါတယ်။FDAဆိုတာကလည်း စကားလုံးပဲရှိတာဆိုတော့။

ဆရာ ကျန်းမာပါစေခင်ဗျာ။

ဆောရီး။ အသိပေးရေးသားသူကို အချက်အလက်မှန်တွေအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ