ကျွန်တော် နွားကျောင်းသား

• တချို့လူတွေက အတော်ဂွကျတယ်
• မေးတုန်းကတော့ မေးချလိုက်တာပဲ ဖြေထားတာကို တချို့ကသာ ဖတ်ကြတယ်။
• တချို့က ပို့စ်အောက်မှာ မေးတယ်။ ဖြေရင် လာဖတ်မယ်မထင်။ ပို့စ်တွေက အခုမြင် အခုပျောက်။
• တချို့က မေးချင်ရာမေးတယ်။
• ဖြေရတာက သုတေသနစာတွေဖတ် ဘာသာပြန်ရေးရတာမျိုး။
• အတွေ့အကြုံကိုပါ တခါတခါထည့်ရေးတာလည်း ရှိတတ်တယ်။
• ကိုဗစ်ဆိုရင် ဆေးသုတေသနမလုပ်တာတွေ တော်မေးကြတယ်။ မြန်မာပြည်မှာဖြစ်နေတာကလည်း တယောက်တမျိုး။ တနေရာတမျိုး။ အာဏာရှိသူတမျိုးဆိုလမ်းညွှန် တမျိုး။ ကာကွယ်ဆေး ၂ မျိုး ၃ မျိုး။
• အရေးတကြီး အမြန်လို့ မေးပြီး လာမဖတ်သူ မနည်းပါ။
• ဖတ်ပြီး သက်သာတယ်။ ပိုဆိုးတယ် ပြန်ပြောသူက ၅% လောက်သာရှိတယ်။
အမေး မဟော်သဓာ၊ အဖြေ နွားကျောင်းသား။
ကျွန်တော် နွားကျောင်းသား။ ကောင်းဘွိုင်တော့ မဟုတ်။
ဒေါက်တာတင့်ဆွေ
၂၆-၉-၂၀၂၂

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ