အေစီဆိုင်နဲ့ ရန်ဖြစ်ထားသူများသို့

အဲကွန်းနဲ့မှအိပ်တတ်သူများသို့ ဘလာ ဘလာ ဘလာ။

မဟုတ်ပါ။ အိမ်တိုင်းမှာ အပူပေးစက်၊ အအေးပေးစက်တွေ ၂၄ နာရီ၊ ၃၆၅ ရက် တပ်ထားကြရတဲ့တိုင်းပြည်တွေမှာ စာထဲပါရောဂါတွေ ပိုမဖြစ်ကြပါ။ အေစီနဲ့ မဆိုင်ပါ။

လေဖြတ်

လေဖြန်း

ဆီးချိုသွေးချို

အသည်းအဆီဖုံး

အဲဒီရောဂါတခုစီမှာ ဖြစ်စေနိုင်တဲ့အကြောင်းခံတွေ မတူကြပါ။

ရေကိုလည်း ထိုင်မသောက်ရ၊ ထမသောက်ရ။ ရေသန့်က ဘာညာ၊ ခေါင်းလျှော်ရင် ဘာဖြစ်၊ လူတွေတသက်လုံးစားသောက်လာတဲ့ အစားအစာတွေက ကင်ဆာနဲ့မတည့် ဘလာဘလာဘလာ။

မမှန်တဲ့ ပညာပေးစာ၊ ဓါတ်ပုံ၊ ဗီဒီယို၊ သတင်း၊ သီချင်း၊ တရားတွေကို လူတွေက ပိုကြိုက်နေကြတယ်။ တွေးခေါ်စဉ်းစားမှုမှားနေတာတွေကို ပြင်ကြပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ