Compulsive Eating Disorder စားစရာမဟုတ်တာတွေကိုစားခြင်းနဲ့ စားစရာဟုတ်ပေမဲ့ အလွန်အကျွံစားခြင်း

ကျွန်တော်သူငယ်ချင်းတယောက်က ဆန်တွေကိုအားတဲ့အခါတိုင်းဝါးစားတာအကျင့်တခုလိုဖြစ်ကာနှစ်ပေါင်းမနည်းတော့ပါဘူး ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်းလက္ခဏာတော့ မရှိသေးပါဘူး ဒါပေမယ့် သူမရဲ့သွားနှစ်ချောင်းတော့ ပိုးစားပြီး နုတ်လိုက်ရပါပြီ ဆန်တွေကိုဝါးစားခြင်းက ရေရှည်မှာဘယ်လိုရောဂါတွေဖြစ်လာနိုင်လဲသိချင်ပါတယ်ခင်ဗျာ

စိတ်နဲ့သက်ဆိုင်တဲ့ အမူအကျင့်တခုဖြစ်တယ်။ ဖြစ်နေတာကြာခဲလေလေ ကုသရာခက်ခဲလေလေ။ စိတ်အထူးကုဆရာဝန်နဲ့ ကုသသင့်ပါတယ်။

စားစရာမဟုတ်တာတွေကိုစားခြင်းနဲ့ စားစရာဟုတ်ပေမဲ့ အလွန်အကျွံစားခြင်းတွေကလည်း တအုပ်စုထဲက ရောဂါတွေဖြစ်တယ်။

Pica စားစရာမဟုတ်တာတွေကို စားခြင်း https://dr-tint-swe.blogspot.com/2022/07/pica.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ