Diabetes in children ကလေးဆီးချို

မဂ်လာ ဆရာ ကျမက ၂၀၂၂ တုန်းက သားတို့ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး မေးခဲ့ဘူးပါတယ်။ အခုချိန်ထိ online ကနေပဲ စာသင်ပေးနေတာပါ။ ဒီနေ့မှာ သားနဲ့ အတန်းတူ ကလေးတယောက် ဆုံးသွားပါတယ်ဆရာ။ ဒီနေ့ မနက်မှ ခေါင်းမူးပြီး ဆေးခန်းသွားတော့ ဆီးချိုတက်နေတယ် ဆေးရုံသွားဆိုပြီး လမ်းတင်ဆုံးသွားတာပါ။ ၁၅ မိနစ်လောက်ပဲကြာတယ်လို့သိရပါတယ်။ အဲ့ကလေးက သားနဲ့ အတူ online ကစာသင်နေတဲ့ကလေးလေးပါရှင့်။ သိချင်တာကလေ ကလေးဆီးချိုက ဘာလက္ခဏာမှ မပြ ချက်ချင်း ဆုံးနိုင်သလားရှင့်။ ဖုန်း laptop တို့ကြည့်ချိန် များတာနဲ့ဆိုင်နိုင်ပါသလားရှင့်။ ကလေးက ၉ နှစ် အရွယ်ပါ။ တနေ့ကို စာသင်ချိန် မနက်ပိုင်း ၂ နာရီ၊ ညနေ ၁ နာရီ၊ ပါရှင့်  game ဆော့တာမပါသေးပါဘူးရှင့်။

ကလေးဆီးချို လက္ခဏာများ -

1. Increased thirst ရေခဏခဏဆာမယ်။

2. Frequent urination ရှူခဏခဏပေါက်မယ်။

Extreme hunger စအားအသောက်ဆာမယ်။

3. Weight loss despite eating more than usual စာပေမဲ့ ကိုယ်အလေးခေျိန်ကျ။

4. Fatigue အားနည်း။

5. Blurred vision မျက်စိအမြင်အားနည်း။

ယူအက်စအေ သုတေသန

လူဦးရေရဲ့ 11.3% (37.3 သန်း) မှာဆီးချိုရှိ။

28.7 သန်းတို့က ဆီးချိုရှိမှန်းသိကြပြီး 8.6 သန်းတို့က ဆီးချိုရှိနေတာကို မသိကြ။

အသက် ၆၅ နှစ်ကျော်သူတွေထဲက 26.4 သန်း (48.8%) တို့မှာ ဆီးချိုရှိနေ။

ကလေးဆီးချို

၂၀၁၉ ခုနှစ်မှာ အသက် ၂၀ အောက် 283,000 တို့မှာ ဆီးချိုရှိနေ။

သူတို့ထဲက 244,000 ယောက်မှာ type 1 diabetes အမျိုးအစား (၁) ရှိနေ။

အသက် ၂၀ ကျော် 1.6 သန်းတို့က အမျိုးအစား (၁) ရှိနေပြီး insulin ထိုးနေကြရ။

Incidence of Diabetes Complications နောက်ဆက်တွဲ ဖြစ်နိုင်သည်များ

1. heart disease နှလုံးရောဂါ၊

2. stroke လေဖြတ်ခြင်း၊

3. blindness မျက်စိကွယ်၊

4. kidney failure ကျောက်ကပ်ပျက်စီး၊

5. lower-limb amputation ခြေထောက်ဖြတ်ရခြင်း၊

6. သေဆုံးရခြင်းအကြောင်းရင်းများအနက် နံပတ် (၇) က ဆီးချို။ ၂၀၁၇ ခုနှစ်က 270,702 ယောက်သေဆုံးခဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ