Erlotinib ဆေး

ဆရာရှင် သမီးမေမေက အဆုပ်ကင်ဆာအတွက်  Chemo (၆-ကြိမ်) သွင်းပြီး Erlotinib 100 mg စတိုက်ထားပါတယ် ဒီဆေး ပေးထားတဲ့ လူနာတွေ အတွက် အသက်ရှင်နှုန်းလေး​ရော ပြောပြပေးနိုင်မလားရှင်

Erlotinib Side Effects ဆေး၏ ဘေးထွက်သက်ရောက်မှုများ

• ခြေ၊ လက်၊ မျက်နှာတွေမှာ ပူလောင်၊ နာ၊ ထုံ၊ ကျဉ်၊ 

• ချောင်းဆိုး၊ အသံသြ၊

• ဝမ်းပျက်၊

• အသက်ရှူရခက်၊

• ဖျား၊ ချမ်းဖျား၊

• အရေပြားအနီပြင်တွေထွက်၊

• အပ်နဲ့ထိုးထားသလိုခံစားရခြင်း၊

• ရင်ဘတ်အလွန်နာခြင်း။

ကင်ဆာမှန်သမျှ ၅ နှစ်နေနိုင်နှုန်းနဲ့ ခန့်မှန်ပါတယ်။ ခုနောက်ပိုင်း ပျောက်သွာအောင်ကုလို့ရတာတွေ ရှိလာတယ်။ စောစောသိပြီး စနစ်တကျကုသသူတွေ သူများတွေလို အသက်ရှည်တယ်။

5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်းဆိုတာ ကင်ဆာလို့ရောဂါအမည်တပ်ပြီးနောက် အသက်ဘယ်လောက်ကြာနေနိသ်သလဲကို သုတေသနတွေကို အခြေခံပြီး သတ်မှတ်ထားချက်တခုဖြစ်ပါတယ်။ ကြိုတင်ခန့်မှန်းချက်ဆိုတာ ၁ဝဝ% တော့ မမှန်နိုင်ပါ။ နှစ်ကာလကိုသာမက ရာခိုင်နှုန်းပါတွက်ချက်တယ်။ ဥပမာ ငါးနှစ်အသက်ရှင်နှုန်း ၉ဝ% ရှိတယ်လို့ပြောတာဟာ ကင်ဆာလူနာ ၁ဝဝ ထဲက ၉ဝ ယောက်တို့ဟာ အဲတာနဲ့အညီဖြစ်နိုင်တယ်။

• အသည်း Liver cancer 11%

• အဆုတ် Lung cancer 13%

• အူမကြီး Colorectal cancer 51%

• သားအိမ်ဝ (ခေါင်း) Cervical cancer 63%

• ဆီးကျိတ် Prostate cancer 69%

• ဆီးအိမ် Bladder cancer 74-78%

• ရင်သား Breast cancer 75%

ဆေးသုတေသနတွေက ယူအက်စ်အေမှာလုပ်ထာတာ။ မြန်မာပြည်ကကိန်းဂဏန်းတွေ ခိုင်မာတာ မတွေ့သေးပါ။ လူတိုင်းမှာ ကံတရားလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ