Japan population: One in 10 people now aged 80 or older

ဂျပန်မှာ လူ ၁၀ ယောက်ရှိတိုင်း အသက် ၈၀ ကျော် ၁ ယောက်ရှိပါသတဲ့။ ကနေ့ထွက် ကျန်းမာရေးသတင်းက ဆိုပါတယ်။

မြန်မာပြည်မှာတော့ သုတေသနမရှိ၊ လေ့လာမှုတွေ မလုပ်နိုင်သေးတော့ ကိန်းဂဏန်းအမှန်တွေ မရနိုင်။

ဖေ့စ်ဘွတ်ပရိုဖိုင်းတွေကို ဆန်းစစ်ရင်လည်း အမှားတွေသာရမယ်။ 

ကိုယ်နေတဲ့လမ်း၊ ရပ်ကွက်တခုစာလောက် စာရင်းကောက်ကြရင် တချို့က သုည၊ တချို့က ဇီးရိုး။ တဦးတွေ့တာ နည်းပါးမည်ဟု ထင်ပါသည်။ ရှိရှိသမျှ နေကောင်းကြပါစေ။

လူအိုတွေက ဘာအသုံးကျသလဲ

ဂျပန်မှာ အဖြေတမျိုး ပေးကြမည်။ တရုပ်နဲ့ ကိုရီးယားမှာလည်း ခပ်ဆင်ဆင်အဖြေမျိုး ရနိုင်သည်။

ရောင်းကုန်နဲ့ အမြတ်အစွန်းကိုသာ အဓိကထားတဲ့ ဈေးကွက်စီးပွါးရေးနိုင်ငံ အမေရိကန်မှာ ဈေးကွက်စီးပွါးရေးနိုင်ငံအတူဖြစ်တဲ့ ဂျပန်လို ဖြေကြမည် မဟုတ်ပါ။

မြန်မာပြည်က ဘယ်လိုဖြေကြမလဲ။ တယောက် တမျိုးဖြစ်နိုင်သည်။

၂၀၁၈ ခုနှစ်ကအလည်ပြန်တော့ မုံရွာ ဘိုးဘွားရိပ်သာကို ရောက်ပါသည်။ သမိုင်းမေဂျာတက်စဉ်က လေးနှစ်လုံးလုံး တခန်းတည်းနေခဲ့သူကို ဒေါ်မြမြအေးက သွားတွေ့တာ။

ဘယ်သူတွေက ဘယ်လိုဖြေဖြေ မြန်မာ့လူအိုတွေအကုန် အိုကံကောင်းကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments