Osteochondritis အရိုးနုရောင်ခြင်း

ပြီးခဲ့တဲ့ ၁ နှစ်ကျော်လောက်က ဘယ်ဘက်နံရိုးအောက်ဆုံးနာက နာလို့ ရပ်ကွက်ဆေးခန်းက ဆရာဝန်ပြတော့ နံရိုးရောင်တာလို့ပြောပါတယ်၊  အဲဒီနေရာက တခါတခါစစ်ခနဲ စစ်ခနဲ နာပါတယ်ဆရာ၊ အဲဒါ ဘယ်အပိုင်းနဲ့သက်ဆိုင်တဲ့ဆရာဝန်နှင့်ပြရမလဲမသိလို့ ပြောပြပေးပါရှင့်၊

ဆရာဝန်ပြတာကိုတော့ မဖြေတတ်ပါ။ ဆောရီး။

ကျမအမျိုးသားတုန်းက အစာမြိုရခက်လို့ နားနှခေါင်းအထူးကုပြ‌ေတာ့ သူကစစ်ပြီး သူနဲ့ပတ်သက်တာဘာမှမဖြစ်ဘူဘဲပြောတယ် ဘာမှလဲဆက်မပြော၊ နောက်GP special list တယောက်‌ေတာ့လဲ‌ေသချာမ‌ေပြာနဲ့ ကင်ဆာသိတာနောက်ကျမှသိပြီး ဆုံးသွားလို့မေးမိတာပါဆရာ၊ ဖြေပေးတာကျေးဇူးပါဆရာ

(၁) အရိုးနုရောင်ခြင်း

အဆစ်နေရာ နာမယ်။ ရောင်မယ်။ 

ကုသနည်းများ

Observation and Activity Changes မခွဲစိတ်ဘဲ လှုပ်ရှားမှုများ ထိန်းခြင်း

အသက်မကြီးသေးသူတွေအတွက် ပိုအဆင်ပြေတယ်။ ဖြစ်တဲ့နေရာကို အတတ်နိုင်ဆုံး လှုပ်ရှားမှုနည်းပါစေ။

အထောက်အကူ ပလာစတာ၊ စပလင့်၊ ချိုင်းထောက် လိုတာ သုံးရမယ်။ အနာသက်သာဆေးတမျိုးမျိုးလိုမယ်။

၂ လကနေ ၄ လနေရင်သက်သာပျောက်ကင်းနိုင်တယ်။

Surgical Treatment ခွဲစိတ်ကုသနည်း

မခွဲစိတ်ဘဲ လှုပ်ရှားမှုများ ထိန်းနည်းနဲ့ မရသူတွေအတွက် ဖြစ်တယ်။ ခွဲစိတ်နည်း အမျိုးမျိုးရှိတယ်။

မကောင်းတဲ့နေရာ ခွဲစိတ်ဖယ်ထုတ်မယ်။ တချို့ကို internal fixation (pins and screws) သတ္တုပစ္စည်းပါ ထည့်ပေးထားမယ်။ ခြေထောက်အတွက် ခွဲစိတ်ကုသပြီး ၆ ပတ်အထိ ချိုင်းထောက်လိုနိုင်တယ်။ ၂ လကနေ ၄ လအထိ ဖီဇီယိုသာရာပီ လိုနိုင်တယ်။ ၄-၅ လမှာ ပုံမှန်ပြန်ဖြစ်နိုင်တယ်။

(၂) Osteochondritis အရိုးနုရောင်ခြင်း

Costochondritis နံရိုးရောင်ခြင်း

ဘယ်ဘက်မှာ ပိုဖြစ်တယ်။ ရင်ညွန့်ရိုးနဲ့ဆက်တဲ့နေရာမှာဖြစ်ရင် ပိုနာတယ်။ စူးစူးရှရှ နာမယ်။ ကိုက်သလိုလည်း နာနိုင်တယ်။ နံရိုးတချောင်းကမ ဖြစ်နိုင်တယ်။ ဖြစ်တဲ့ဘက် ပခုံးထိနာနိုင်တယ်။ အသက်ပြင်းပြင်းရှူရင်၊ ချောင်းဆိုး နှာချေရင် နာမယ်။ 

ဘာကြောင့်ဖြစ်ရသလဲ သေချာ မပြောနိုင်။ အမျိုးသမီး အသက် ၄၀ ကျော်မှာ အဖြစ်များတယ်။

ဓါတ်ခွဲစမ်းသပ်နည်း မလိုပါ။ တချို့ကို ဓါတ်မှန်ရိုက်မယ်။

Treatment ကုသနည်း

အလိုလိုပျောက်သွားနိုင်တယ်။ အနာသက်သာဆေးလိုမယ်။

ibuprofen သို့မဟုတ် naproxen sodium ဆေး တခုခုသောက်နိုင်တယ်။ ပိုပြင်းတဲ့ဆေး သုံးရရင် ဘေးထွက်သက်ရောက်မှုတွေကို သတိထားရမယ်။ ဥပမာ tramadol ဆေး။

တချို့အတွက် Antidepressants စိတ်ငြိမ်ဆေးလိုတယ်။

gabapentin (Gralise, Neurontin) လိုဆေးလည်း နာတာရှည်အတွက် သုံးတာရှိတယ်။

လေ့ကျင့်ခန်းလုပ်ရတယ်။ ဥပမာ Stretching exercises နည်း၊ Nerve stimulation နည်း။

Surgery or other procedures ခွဲစိတ်ကုသနည်း

တချို့အတွက်သာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ