Tagrisso ဆေး

ဆရာ မင်္ဂလာပါ ကျေးဇူးပြုပြီး ဒီဆေးအကြောင်းရှင်းပြပေးပါခင်ဗျာ။ တလုံးမြန်မာငွေ ၂ သိန်းလောက်ကျပြီး နေ့တိုင်းတနေ့တလုံး ၃နှစ်သောက်ရမယ်လို့ ညွှန်ကြားလာပါတယ်။ လေးစားစွာဖြင့် ကျွန်တော့်ဦးလေးတယောက် အဆုတ်ကင်ဆာ ဖြစ်တာပါ
Tagrisso ဆေးကို lung cancer (non-small cell lung cancer) အဆုတ်ကင်ဆာအတွက် ပေးတယ်။
ခီမိုသာရာပီဆေး မဟုတ်ပါ။ targeted therapy medication ဆေးအမျိုးအစားထဲကဖြစ်တယ်။
ဒီဆေးပေးနေသူတွေရဲ့ ၅ နှစ်အသက်ရှင်နှုန်း 85% ကနေ 88% ရှိတယ်။
Tagrisso ဆေး ဘေးထွက်သက်ရောက်မှုများ
Nausea ပျို့
mild rash or other skin problems အရေပြားအနီပြင်ထွက်
diarrhea ဝမ်းပျက်
stomatitis ပါးစပ်အနာပေါက်
abdominal pain ဗိုက်နာ
musculoskeletal pain အရိုး-ကြွက်သားတွေနာ
nail problems လက်သည်းပုံမှန်မဟုတ်
fatigue အားနည်း။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ