After Hysterectomy သားအိမ်ထုတ်ထားရင်

(ကန်တော့)

ဆရာ ကျွန်တော့အမျိုးသမီးမှာ သားအိမ်ထဲ အလုံးတွေ့လို့ ဆေးစားနေရပါတယ်​ခြောက်လရှိပါပြီ နောက်ဆုံးတစ်ခေါက်(တခေါက်) ကိုးလပိုင်းကုန်လို့ထင်ပါတယ် ပြတော့ အလုံးကသေးပြီး သားအိမ်အတွင်းသားက ပိုထူလာပါတယ်အခုတစ်ခေါက် (11လပိုင်း 20ရက်) မှာ ပြန်ပြလို့ မထူးခြားဘူးဆိုရင် သားအိမ်ထုတ်ရမယ်လို့ ပြောပါတယ်သိချင်တာက သားအိမ်ထုတ်လိုက်တဲ့အတွက် အိမ်ထောင်ရေး ထိခိုက်နိုင်ပါသလားခင်ဗျာ ကလေးမရနိုင်ဘူးဆိုရင်တောင် အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်နဲ့ အိမ်ထောင်ရေးမှာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်ပါသလဲ ရေရှည်မှာ ကျန်းမာရေးကို ဘယ်လိုစောင့်ရှောက်ပေးရမလဲဆိုတာ ဖြေကြားပေးပါကျေးဇူးတင်ပါတယ်

သားအိမ်ထုတ်ထားရင် သားအိမ်ရောဂါတွေ မဖြစ်တော့နိုင်။ (ကန်တော့) လစဉ်ရာသီ မလာတော့၊ ကိုယ်ဝန်မရတော့။ 

မျိုးဥအိမ်တွေပါထုတ်ရရင် မျိုးဥအိက်ထုတ်ပေးနေတဲ့ ဟော်မုန်းလည်း မရတော့။ သွေးဆုံးသွားသူလိုဖြစ်မယ်။ တချို့ကို ဟော်မုန်းအစားထိုးဆေး တခုခု အိုဂျီက ညွှန်ပါမယ်။ (ကန်တော့) တချို့ မေးကြတယ်။ 

မျိုးဥအိမ်တွေကျန်နေသေးရင် အိမ်ထောင်ရေးမှာ သားအိမ်ထု တ်တာနဲ့ မထုတ်တာ ကွာခြားစရာ မရှိပါ။ 

မျိုးဥအိမ်တွေ မရှိတော့ရင် သွေးဆုံးသူတွေနဲ့ အတူဖြစ်မယ်။ Menopause သွေးဆုံးခြင်းစာတွေ တင်ထားတာရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ