Cancer ကင်ဆာ မမှန် လွဲ မှား

ကျွန်တော် မနက်တိုင်း၊ နေ့လယ်တိုင်း၊ ညတိုင်း ကင်ဆာနေရာ ၂ခုကို ဖတ်ပါတယ်။ ဖြေသင့်တာကို ကိုယ့်မမေးပေမဲ့ ဖြေပါတယ်။

ကင်ဆာနေရာတွေနဲ့ ကင်ဆာမေးခွန်းတွေရဲ့ ထူးခြားချက်များ -

၁။ ကင်ဆာအမျိုးမျိုး မေးတဲ့သူတွေ များတယ်။

၂။ ကင်ဆာသိလိုရင် ဆရာဝန်ကို မမေး၊ ဖေ့စ်ဘွတ်ကိုသာ မေးကြတယ်။

၃။ တချို့မေးတဲ့သူတွေက ကင်ဆာအတွက် ဘာတွေရှောင်ရမလဲ၊ ဘာတွေစားရမလဲသာ မေးကြပြီး ကင်ဆာကုသနည်းကို မသိချင်ကြပါ။

၄။ ဖြည့်စွက်စာကိုသာမေးကြပြီး ကင်ဆာကုသနည်းကို မမေးကြပါ။

၅။ ဆေးစစ်နည်းတွေ မေးကြတယ်။ ဖြေတဲ့သူတွေကလည်း လိုတာရော မလိုတာရော မဆိုင်တာတွေကိုပါ စစ်ခိုင်းကြတယ်။ 

၆။ ဆရာဝန်က တင်ပြထားတာကိုတော့ ဖတ်တဲ့သူ နည်း သို့မဟုတ် လုံးဝမဖတ်။

၇။ စာရေးတာ စာလုံးပေါင်းသတ်ပုံတွေ အတော်ကို မှားကြတယ်။ မဟုတ်ကဟုတ်က စာလုံးတွေ ရွေးသုံးကြတယ်။

မှတ်ချက် -

၁။ ကင်ဆာကုသရတာ အင်မတန်ပိုက်ဆံကုန်တယ်။ ဆေးစစ်ရတာလည်း ပိုက်ဆံအတော်ကုန်တယ်။ မလိုတာတွေစစ်လို့ မလိုအပ်ဘဲ ငွေကုန်တယ်။ 

၂။ ဆေးစစ်တာတွေကို ကိုယ့်သဘောနဲ့သွားစစ်တော့ ရလာတဲ့အဖြေကို ဘာလုပ်ကြမှာလဲ။

၃။ ဖြည့်စွက်စာလည်း မလိုဘဲဝယ်သောက်လို့ ပိုက်ဆံထပ်ကုန်မယ်။

၄။ အရပ်ဆေး၊ ဗမာဆေးတွေ အကြံပေးကြတယ်။ ကြော်ငြာကြတယ်။ မလုပ်သင့်ပါ။

ကင်ဆာရောဂါ၊ စာအရေးအသားကင်ဆာနဲ့ စဉ်းစားတွေးခေါ်မှုကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ