Clotrimazole + Betamethasone Dipropionate

၁။ ကျွန်တော် ခြေဖဝါးမှာ ယားနာအဖုလေးတွေရှိတယ်ခင်ဗျ ခြေထောက်ကိုသေချာသန့်အောင်ထားပါတယ် ခြေအိတ်စွပ်ပီး(ပြီး)လည်းနေပါတယ် ဆရာဝန်မကိုပြတော့ ယခုသူမပေးသောပုံကို ပြလိုက်ရပါသည် ယခုထိမပျောက်သေးပဲ ကျန်ရှိနေပါသေးသည် ဆရာဝန်မနဲ့ တွေ့ရဖို့ ရက်ချိန်းလည်းယူထားပြီးပါပြီ ဆရာပိုစ့်လေးတခုတွေ့လိုလာရောက်မေးမြန်းတာပါခင်ဗျ အချိန်လေးအားရင် ပြန်ဖြေစေလိုပါတယ်ခင်ဗျ

ပုံပါဆေးက ပျောက်နိုင်ခဲတဲ့အနာ ဥပမာ နှင်းခူနာ အတွက် ဖြစ်ပါတယ်။

ယားနာ (ဝဲ)၊ နှင်းခူ၊ အလာဂျီ၊ ရေယုံ၊ ပွေး၊ ဖန်းဂတ်စ် ခေါ် မှိုပိုးဝင်အနာတွေကို ခွဲခြားရပါမယ်။

အဲဒီရောဂါတွေ အားလုံးအတွက် စာတွေ ဆရာ့ ဘလော့မှာ ရှိတယ်။

Beclomethasone and Betamethasone

၂။ ဆရာ Beclomethaspne နဲ့ Betamethasone ဘာကွာပါလဲဆရာ။ ဘယ်သူက ပိုမြင့်လဲဆရာ။

မေးခွန်းမှာ ဆေးအမည်စာလုံးပေါင်းလွဲနေတယ်။ ဆေးတွေကို မြင့်တယ်ဆိုတဲ့အကဲဖြတ်ချက်နဲ့ပြောရတာ မမှန်တတ်ပါ။ သူ့ရောဂါနဲ့သူ။ ရောဂါအဆင့်အရသုံးပါတယ်။

Beclomethasone ဆေးက Corticosteroids ကော်တီကိုစတီရွိုက်ဆေးအုပ်စုထဲကဖြစ်တယ်။ ပန်းနာရှူဆေးအဖြစ် အသုံးများတယ်။

Betamethasone ဆေးလည်း Corticosteroids ကော်တီကိုစတီရွိုက်ဆေးအုပ်စုထဲကဖြစ်တယ်။ အလာဂျီ ခေါ် တခုခုနဲ့ မတည့်တာတွေအတွက်သုံးတာများတယ်။ အရေပြားနာတွေ၊ သွေးရောဂါတွေ၊ ကိုယ်ရောင်တာတွေမှာသုံးတယ်။ ပျောက်နိုင်ခဲတဲ့ နှင်းကူနာ။ ဆိုရီယေးဆစ်နာတွေမှာလည်းသုံးတယ်။

Clotrimazole ဆေး https://dr-tint-swe.blogspot.com/2020/12/yeast-infection.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ