Dysgeusia အရသာပျက်ခြင်း

တစ်ချက်လောက်(တချက်လောက်) မေးချင်လို့ပါရှင့် ကျော်မသွားကြပါနက်ရှင်(နဲ့ရှင့်) ပါးစပ်တွေ အရမ်းခါးနေတယ် ကျောက်ကပ်ဆေးနက်(ဆေးနဲ့) သအိမ်(သားအိမ်)ဆေးနက်(ဆေးနဲ့) သောက်နေရတယ် ကြားထဲမှာ ဖျားလို့ အပူကျဆေးတွေသောက်နေရတယ် အဲ့ကြောင့်ပါးစပ်ခါးတာလား သ်ပရစေ(သိပါရစေ) အရမ်းသိချင်နေလို့ပါ ပြောပေးကြပါရှင့်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။

အရသာပျက်တာ အကြောင်းအမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ အများအားဖြင့် ယာယီသာဖြစ်တယ်။ ဥပမာ အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ အာဂျီနဲ့ ကိုယ်ဝန်ဆောင်ခြင်း။ ကိုဗစ်မှာလည်း ဖြစ်တယ်။ vitamin B12 နဲ့ zinc နည်းသူတွေ၊ ဆေးလိပ်သောက်သူတွေ၊ Migraines ရောဂါ၊ အစာလမ်းပိုးဝင်ခြင်း၊ ဝမ်းချုပ်ခြင်း။

Dementia နဲ့ Parkinson's disease ရောဂါတွေကြောင့်ကတော့ နာတာရှည်ဖြစ်မယ်။

Medication ဆေးတချို့ကြောင့်လည်း ဖြစ်တယ်။

Antidepressants စိတ်မကျဆေး၊

Thyroid medications လည်ပင်းကြီးအတွက်ဆေး၊

Antibiotics ပဋိဇီဝဆေး၊

Antihypertensives သွေးတိုးကျဆေး၊

Muscle relaxants ကြွက်သားပျော့ဆေး၊

Chemotherapeutic medicines ခီမိုသာရာပီဆေး။

ကုသခြင်း

အကြောင်းခံသိရင် အကြောင်းခံကို ကုသရမယ်။ အယာယီအကြောင်းခံတွေက အဲဒီရောဂါတွေပျောက်ရင် ပျောက်မယ်။

အာဟာရပြည့်မီအောင် စားသောက်ပါ။ လျှာအရသာအဆင်ပြေရွေးစားသောက်ပါ။ ခံတွင်းသန့်ရှင်းရေး ပိုလုပ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ