High grade ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ

- High grade ဆိုတာပျံ့(ပြန့်ပွား)လွယ်အဆင့်ပါလား၊

- ဘာ cancer လဲ

- သားဥအိမ်ပါ

ဆရာဝန်ကိုမေးတာတော့ မဟုတ်ပါ။ ဖြေပါမယ်။ ပျုံ့နဲ့ ပြန့် မှားနေလည်း ဖြေပါတယ်။

ဒီစာရေးနေတုန်း ကင်ဆာနေရာက မေးခွန်းကို ရှာမတွေ့တော့ပါ။ ပို့စ်အဖြစ် တင်လိုက်မယ်။

High grade ovarian cancer မျိုးဥအိမ်ကင်ဆာဆိုတာ ကင်ဆာဆဲလ်တွေ မူမမှန်ဖြစ်နေတာများနေတာ။ low-grade cancer အမျိုးအစားထက် ပိုပြီး ပွားများပြန့်ပွာလွယ်တယ်။

high grade serous ovarian cancer ဆိုတာ ရောဂါအမည်တပ်ချိန်မှာ stage 3 or 4 ရောက်နေပြီ။

၅ နှစ်အသက်ရှင်နှုန်း 15% ရှိတယ်။ စောစောသိတဲ့ အဆင့် 1 or 2 ဆိုရင် 80% ရှိတယ်။

မျိုးဥအိမ်ကင်ဆာထဲမှာ High-grade serous carcinoma အမျိုးအစားက 70% ရှိတယ်။ အများအားဖြင့် မျိုးဥအိမ်မဟုတ်ဘဲ သားအိမ်ပြွန်နေရာမှာ ဖြစ်လေ့ရှိတယ်။

Surgical cytoreduction ခွဲစိတ်ကုသနည်းနဲ့ paclitaxel and platinum-based chemotherapy ဆေးကို six cycles ပေးတယ်။

ကုသမှုကို ကောင်းကောင်းတုန့်ပြန်ပေမဲ့ ပြန်ဖြစ်တတ်တယ်။ အများအားဖြင့် ၃ နှစ်အကြာမှာ ပြန်ဖြစ်လာတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ