Hysteria ဟစ်တီးရီယား

(၂၀၁၄ ခုနှစ်က ရေးထားတာဖြစ်ပါသည်။)

စကားမစပ် Hysteria အကြောင်းလေးကို သိချင်လို့ မှတ်စုလေးရေးပေးပါ။ တချို့က ဆေးပညာရောဂါနာမည် မဟုတ်ကြပါဘူးတဲ့။ အရပ်ခေါ်ပေါ့နော်။ ပိုပြီး နားလည်သိချင်တာက အိမ်ထောင်ပျက်ထားတာမျိုး၊ ရည်းစားနဲ့ ကွဲထားတာမျိုး ဖြစ်ခဲ့ဘူးသော အိမ်ထောင်မကျသေးသော အပျိုကြီးတွေမှာ ပိုပြီးတော့ အဲ့လို စရိုက်လက္ခဏာ ခပ်ကြောင်ကြောင်၊ ခပ်ဂေါက်ဂေါက်မျိုးတွေ ပိုဖြစ်တတ်ပါသလား။ 

‘ဟစ်တီးရီယား’ ဟာ စိတ်ပညာသုံးဝေါဟာရအစစ်တော့ မဟုတ်ပါ။ ထိန်းမနိုင်တဲ့ စိတ်လှုပ်ရှားမှု ပြင်းထံလွန်းတဲ့ အခြအနေကို ခေါ်တယ်။ ကိုယ့်ကိုယ်ကို မထိန်းနိုင်တာမျိုးလို အဖြစ်အပျက်တွေမှာလဲ သုံးပါတယ်။ တကယ်ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာဖြစ်ဖြစ် စိတ်ကူးထဲက အစိတ်အပိုင်းမှာဖြစ်ဖြစ်ကို ဗဟိုပြုပြီး ကြောက်လွန်းတာမျိုးကို ခေါ်တယ်။ 

သမိုင်းကြောင်း

အမျိုးသမီးတွေက ဇာတ်လိုက်မင်းသမီးဖြစ်တယ်။ နောက်ပိုင်းမှာ Sexual dysfunction လိင်ပိုင်းဆိုင်ရာ ချို့ယွင်းချက် ရှိတာနဲ့ တွဲခေါ်လာတယ်။ လိင်ဆန္ဒမပြည့်ဝသူမျိုးကို ဒီနာမည်တပ်ပြီး ကုသမှုပေးရတာရှိတယ်။ ခုနောက်ပိုင်းမှာ ဆရာဝန် မလိုတော့ဘဲ Vibrators တုန်ခါမှုကိရိယာ သုံးလာတာက ဒါမျိုးဖြစ်တယ်။ 

Female hysteria မိန်းမ ဟစ်စတီးရီယား

အရင်ကတော့ အများကလက်ခံခဲ့တဲ့ အသုံးအနှုန်းဖြစ်တယ်။ Faintness လူကြားထဲ သိလစ်မေ့မြောသွားတဲ့အခါ ရုပ်ရှင်-ပြဇာတ်တွေထဲမှာ သရုပ်ဆောင်မင်းသမီးတွေလို လှလှလေး လဲကျသွားတာမျိုး။ ဒါ့ပြင် Nervousness ဂနာမငြိမ်ဖြစ်တာ၊ Sexual desire လိင်စိတ်ဖြစ်ပေါ်တာ၊ Loss of appetite for food or sex စားချင်စိတ်နဲ့ လိင်စိတ်နည်းတာ၊ Insomnia အိပ်မပျော်တာ၊ Shortness of breath အသက်ရှူမဝတာ၊ Irritability စိတ်တိုတာတွေပါတယ်။ 

ရောဂါတခုခု သတင်းထွက်ပေါ်လာတဲ့အခါ လူတွေအားလုံးကနေ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ အကြီးအကျယ်ဖြစ်တာကို Mass hysteria လို့ ခေါ်ကြတယ်။ Salem witch trials လို့နာမည်ကြီးတဲ့ စုန်းမလို့စွပ်စွဲခံရသူကို တရားစီရင်တဲ့အခါ လူတွေ အထိန့်တလန့် ဖြစ်ကြတာမျိုး။ 

အခုနောက်ပိုင်းမှာ Somatoform နဲ့ Dissociative ဆိုပြီး ၂ မျိုးခွဲခြားလိုက်ပါတယ်။ Hysterical neurosis ကိုလဲ Conversion disorder လို့ခေါ်ပါတော့တယ်။ Schizophrenia စကီဇိုဖရီးနီးယား၊ Conversion disorder, Anxiety attacks စတဲ့ စိတ်ရောဂါတွေမှာ အဲလို လက္ခဏာမျိုးတွေ တွေ့နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ