PDA မွေးရာပါနှလုံးရောဂါ

၁။ ဆရာရှင့် မွေးရာပါ နှလုံးအပေါက် PDA အမျိုးအစားပါ ကလေးက အသက် ၉ လပါ အဲ့အရွယ် ပေါင်ကနေ ပိုက်ထည့်ပီး(ပြီး) ပိတ်မယ်ဆို ပေါင်သွေးကြော ရှာရခက်လားဆရာ

အသက်‌ငယ်သေးတော့ ကိုယ်ခံအားအတွက် ဆိုးရိမ်(စိုးရိမ်)လို့ပါ

သွေးကြောရှာတာအပါအဝင် ခွဲစိတ်ကုသမှုကို အထူးကုဆရာဝန်တွေက လုပ်ပါတယ်။ လူနာရှင့်အလုပ် မဟုတ်ပါ။

၂။ မင်္ဂလာပါဆရာ။ အသက် ၉လ၊ မိန်းကလေးပါ။ သိချင်တာက ဆေးစစ်ချက်မှာပါတဲ့ ရောဂါ အမျိုးအစားက ဆေးသောက်ရုံနဲ့ပျောက်နိုင်ပါသလား။ ခွဲစိတ်ဖို့လိုပါသလားဆရာ။ ဒီရောဂါအတွက် ဘယ်လိုကုသမှူက အသင့်လျော်ဆုံးဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Patent Ductus Arteriosus (PDA) ခေါ် မွေးရာပါနှလုံးရောဂါ သေးသေးလေးသာဆိုရင် နှလုံးနဲ့ အဆုပ်ကို ဒုက္ခမပေးပါ။ ခွဲစရာမလိုတတ်ပါ။ အလိုလို ပိတ်သွားနိုင်တယ်။

တချို့ကလေးတွေကိုတော့ Catheters ကသီတာထည့်ပြီး ပိတ်ပေးရတယ်။ တခြားနှလုံးချို့ယွင်းချက်တွေ ရှိ မရှိစစ်ရမယ်။ လမစေ့ပဲမွေးတဲ့ကလေးဆိုရင် ဆေးပေးရတတ်တယ်။ ခွဲပြီး ကောင်းသွားမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ