Popular Dietary Supplements Contain Hidden, Harmful Substances

ကြော်ငြာကောင်းက ရောင်းရ၏

ကျွန်တော် ဆေးပညာစာတွေရေးနေ၊ ဖြေနေတာ ၁၀-၁၅ နှစ်ကြာပြီ။ ထူးခြားတာလေးတွေကို မကြာခဏ တင်ပြပါတယ်။ ဒီစာမှာ တခုတင်ပြပါမယ်။

လွန်ခဲ့တဲ့ ၃-၄ နှစ်အတွင်းမှာ ဗီတာမင်ကေနဲ့ ဗီတာမင်ဒီတွေကို အတော်ပြောကြ၊ မေးကြ၊ ရောင်းကြ၊ ဝယ်ကြတယ်။

ကြောင်ငြာတွေကလည်း များတယ်။ ဘယ်နိုင်ငံမှာနေတဲ့ ဆရာဝန်မကြီးက ဘယ်လိုညွှန်ကြောင်း၊ ဘယ်ကနေ ထုတ်တာက ဘယ်လိုကောင်းကြောင်း။ ခုခံအား၊ အသက်ရှည်၊ ရုပ်ချော ဘလာဘလာဘလာ။

အခုအဲလိုရေးတာ နည်းလာပြီး နောက်အသစ်တွေလာတယ်။ အသစ်တွေအကြောင်းတော့ ဒီစာမှာ မထည့်သေးပါ။

ဗီတာမင်ကေနဲ့ ဗီတာမင်ဒီတွေဆိုတာ လူတိုင်းအတွက် လိုတာ မှန်ပါတယ်။ လွန်ခဲ့တဲ့ ၃-၄ နှစ်ကသာ လိုခဲ့တာ မဟုတ်ပါ။

ဘယ်အကြောင်းအရာကိုမဆို လူပြောများတိုင်း အဟုတ်မထင်ပါနဲ့။ ကြော်ငြာကောင်းတိုင်း လိုက်မဝယ်ပါနဲ့။ ဆေးဗူးခွံလှတိုင်း ဆေးကောင်းချင်မှ ကောင်းတယ်။

ပေါ်ပင် ခေါ် ခေတ်စား ခေါ် ပေါ်ပြူလာ ခေါ် လူပြောများ ခေါ် လူကြိုက်များ ခေါ် ဖေါ်လိုဝါများ ပတ်ဘလစ်ဖစ်ဂါ ခေါ်တာတွေကို ရမ်းမယုံကြစေလိုပါ။

ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီနဲ့ ဓါတ်ဆားတွေ လူတိုင်း နေ့တိုင်းလိုပါတယ်။ လိုအပ်ချက်တော့ မတူပါ။ ထမင်းနှစ်နပ် ပုံမှန် အာဟာရပြည့်မီအောင် စားသောက်နေကြသူတွေ အားဆေးနဲ့ ဖြည့်စွက်စာ မလိုတတ်ပါ။ တဦးချင်း လိုအပ်၊ မလိုအပ် သိလိုရင် အခြေခံအချက်အလက်တွေနဲ့ မေးရင် ဖြေပါမယ်။

မဟုတ်တာကို အဟုတ်ထင်သူမျိုးဟာ ဟုတ်တာကို မသိ ရှိတတ်တယ်။ ချင့်ချိန်စဉ်းစားနိုင်စွမ်း ပိုကောင်းလာအောင် ကြိုးစားကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ