Sweet Potato ကစွန်းဥ

ဆရာရှင် သမီးရင်သားကင်စာဆေးသွင်းပြီးပါပြီ၊ ငါးနှစ်ဆေးသောက်နေပါတယ်၊ ဆီးချိုရှိပါတယ်၊ အင်ဆူလင်ထိုးနေရပါတယ်၊ အသက် ၄၀ ပါ ကန်စွန်းဥကြိုက်ပါတယ် ကင်ဆာသမား‌နဲ့မတဲ့ဘူးပြောလို့ဟုတ်ပါသလား

အမေရိကန် သုတရှာစရာနေရာတွေမှာ မတူတဲ့အမြင်တွေ ရေးထားတယ်။

၁။ ဆီးချိုရှိသူတွေ ကစွန်းဥ စားနိုင်သတဲ့။

၂။ သင့်တော့သင်တယ်။ အတိုင်းအဆ မများပါနဲ့တဲ့။

မြန်မာလို တင်ပြပါမယ်။ 

- အာလူးနဲ့ ကစွန်းဥလို မြေအောင်းဥတွေမှာ ကစီဓါတ်များတယ်။ ကယ်လိုရီ များများရတယ်။ ကိုယ်အလေးချိန်ထိန်းသူတွေ နည်းနည်းသာ စားသင့်တယ်။ ဆီးချိုရှိသူတွေလည်း နည်းနည်းလေးသာ စားသင့်တယ်။

- ပိုတိကျအောင်ပြောရရင် အာလူးတိုင်းက မတူပြန်ပါ။ တချို့အာလူးက ပိုချိုတယ်။ ကစွန်းဥလည်း အဲလိုဘဲ။

အချုပ် -

၁။ ကိုယ့်သကြားဓါတ် အနည်းအများ သိနေပါ။

၂။ ကိုယ်စားတဲ့ အစားအစာထဲမှာပါတဲ့ သကြားဓါတ်အနည်းအများလည်း သိပါ။

၃။ သွေးထဲကသကြားဓါတ်ဟာ အစာနဲ့ အနီးအဝေးအရ တက်လိုက် ကျလိုက်နေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ