Sweet Potato ကစွန်းဥ

ဆရာရှင် သမီးရင်သားကင်စာဆေးသွင်းပြီးပါပြီ၊ ငါးနှစ်ဆေးသောက်နေပါတယ်၊ ဆီးချိုရှိပါတယ်၊ အင်ဆူလင်ထိုးနေရပါတယ်၊ အသက် ၄၀ ပါ ကန်စွန်းဥကြိုက်ပါတယ် ကင်ဆာသမား‌နဲ့မတဲ့ဘူးပြောလို့ဟုတ်ပါသလား

အမေရိကန် သုတရှာစရာနေရာတွေမှာ မတူတဲ့အမြင်တွေ ရေးထားတယ်။

၁။ ဆီးချိုရှိသူတွေ ကစွန်းဥ စားနိုင်သတဲ့။

၂။ သင့်တော့သင်တယ်။ အတိုင်းအဆ မများပါနဲ့တဲ့။

မြန်မာလို တင်ပြပါမယ်။ 

- အာလူးနဲ့ ကစွန်းဥလို မြေအောင်းဥတွေမှာ ကစီဓါတ်များတယ်။ ကယ်လိုရီ များများရတယ်။ ကိုယ်အလေးချိန်ထိန်းသူတွေ နည်းနည်းသာ စားသင့်တယ်။ ဆီးချိုရှိသူတွေလည်း နည်းနည်းလေးသာ စားသင့်တယ်။

- ပိုတိကျအောင်ပြောရရင် အာလူးတိုင်းက မတူပြန်ပါ။ တချို့အာလူးက ပိုချိုတယ်။ ကစွန်းဥလည်း အဲလိုဘဲ။

အချုပ် -

၁။ ကိုယ့်သကြားဓါတ် အနည်းအများ သိနေပါ။

၂။ ကိုယ်စားတဲ့ အစားအစာထဲမှာပါတဲ့ သကြားဓါတ်အနည်းအများလည်း သိပါ။

၃။ သွေးထဲကသကြားဓါတ်ဟာ အစာနဲ့ အနီးအဝေးအရ တက်လိုက် ကျလိုက်နေတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ