Aba ခေတ်ရောဂါများ

အဘရောဂါ ဘဘရောဂါ 

သားရောဂါ၊ သမီးရောဂါ

အသက်ကြီးသူကို လေးစားလို့

ယဉ်ကျေးမှုအရ ဖြစ်လို့

ဘလာဘလာဘလာ လို့

ဖြေရတာ တင်ရာတွေ များလွန်းလှပြီ။ အဘရောဂါ မပျောက်သေး။ မနေ့တယောက်၊ ကနေ့တယောက်။

တကြိမ်တခါမှ မသိဘူး၊ မမြင်ဘူး၊ မကြားဘူးသူတွေကနေ ဆရာဝန်ကို အမျိုးစပ်ခေါ်တိုင်း ခေါင်းရှုပ်ရတယ်။ အမျိုးထဲကလားလို့ ပြန်ပြန်မေးနေရတာ။ 

သားနဲ့ သမီးလို့ရေးကြတာတွေကိုလည်း ရှင်းအောင် ပြန်မေးရတယ်။

လူမြင် အဘခေါ်ချင်တဲ့ ရောဂါ နည်းတော့နည်းလာပါင်္ပြီ။ 

အဘလို့ခေါ်သူတွေ အသက်ကြီးလာရင် အဘအခေါ်ခံချင်ကြလိမ့်မယ်။

အဘခေတ် ကျဆုံးပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ