Edema Legs ခြေထောက်ရောင်

ဆရာရှင့် ချေတောက်(ခြေထောက်)တွေ ရောင်တာ ညဖက်ရေစိမ်ပေးတာရလား
မေးနည်း ပို့ထားပြီး။ ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိရ။ ဖြေမရ။ ရမ်းမဖြေ။ ဆောရီး။
အသက် ၅၆ပါဆရာ
၂ ခါမေးတော့ အသက်သိလာပြီ။ 
ကျားမ-မ မပြောသေး။ နောက်တခါ ပြောကောင်း ပြောမည်။ 
ဖြစ်တာဘယ်လောက်ကြာ နောက်တခါ ပြောကောင်း ပြောမည်။
အမျိုးသားဖြစ်နေတာ ၂နစ်ကျော်နေပီ(ပြီ) မနက်စို(ဆို)မရောင် ညနေအလုပ်ကပြန်လာပီ(ပြီ)စို(ဆို)ခြေတောက်နစ်(နှစ်)ဘက်လုံးရောင်တယ် နာကြင်ခြင်းတော့မရှိပါဘူး
ဘာဖြစ်သလဲ မပြောနိုင်သေး။ အလုပ်အကိုင်မှာ လူအနေအထားကြောင့်လည်း ခြေထောက်ရောင်တာလည်း ရှိနိုင်တယ်။ နားတဲ့အချိန်မှာ ရောင်တဲ့အပိုင်းကို အနည်းငယ် မြှင့်တင်ထားပါ။ အငန်လျှော့စားပါ။
ဒီအရွယ်မှာ အမျိုးသား အမျိုးသမီးတိုင်း ဆီးချိုနဲ့ သွေးတိုး စစ်ရပါမယ်။ လူက ဝရင် ကိုလက်စထော ခေါ် အဆီဓါတ်လည်း စစ်ရမယ်။
ကိုယ်ရောင်းသူတိုင်း အငန် (ဆား၊ ဆိုဒီယမ်) မတည့်ပါ။ နည်းနည်းသာ စားရမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ