မှား မမှန် လွဲ လိမ်ညာ

၁။ ရေကို မက်တပ်ရပ်(မတ်တတ်ရပ်) မသောက်ရတဲ့အကြောင်း

မှား မမှန် လွဲ လိမ်ညာ

၂။ သိပြီးပြီလား မတ်တပ်ရပ်(မတ်တတ်ရပ်)နေစဉ် ရေမသောက်သင့်တဲ့အကြောင်း 

မှား မမှန် လွဲ လိမ်ညာ

ဒီစာကို လူတကာက ထပ်ထပ်တင်နေတာ ကြာပြီ။ ခဏခဏမြင်တယ်။ အရင်တွေ့စဉ်ကလည်း မှားကြောင်း၊ မမှန်ကြောင်း၊ လွဲကြောင်း တင်ပြခဲ့တယ်။ 

လူတိုင်း ရေသောက်ကြရတယ်။ အခုမှ မဟုတ်ပါ။ လူရယ်လို့ပေါ်စကတည်းက ရေသောက်ကြရတာ။ လူပေါ်လာတာ အဲဒီစာမပေါ်ခင် နှစ်ပေါင်း ၄့၅ ဘီလီယန်ကတည်းကဖြစ်တယ်။ အဲဒီကတည်းက ရေသောက်တယ်။

ခုခေတ်မှာသာ မွေးစကလေးကို ၆ လအထိ ရေမတိုက်စေပါ။ အရင်က ရေတိုက်ကြတယ်။ ကလေးကို ပွေ့တိုက်ရတယ်။ ခေါင်းပိုင်းကို နည်းနည်း အမြင့်မှာထား တိုက်ရတယ်။ ကလေးက မတ်တတ် မရပ်တတ်သေးပါ။

လူတွေ မတ်တတ်ရပ်နိုင်ကတည်းက ရေကို အနေအထား အမျိုးမျိုးနဲ့ သောက်ကြတယ်။ ဖေ့့စ်ဘွတ်ဆို ဝေးရော၊ ဆရာဝန်တွေ မပေါ်ခင်ကတည်းက လူတွေ ရေသောက်တာ။ ရေကို ထိုင်သောက်တယ်။ ရပ်သောက်တယ်။ 

လူမမာတွေ အိပ်ရာထဲမှာ ခေါင်းလေးထူပေးပြီး ရေတိုက်ရတယ်။ တခါတခါ လှဲနေစဉ်မှာ ပိုက်ကလေးနဲ့ ရေတိုက်ရတယ်။

ကင်မြီးကောက်ထောင်ပြီး ရေသောက်တာ ဆပ်ကပ်ပွဲမှာတောင် မတွေ့ဘူးပါ။

ကား၊ ရထား၊ လေယာဉ်တွေပေါ်မှာ ထိုင်သောက်ကြရတယ်။ ထမဖြစ်လို့။ အပေါ်ကလို မဟုတ်ကဟုတ်ကစာ ဖတ်ရလို့ မဟုတ်ပါ။

အုန်းပင်စိုက်ပြီး ရေသောက်တာ မျက်လှည့်ပွဲတွေမှာလည်း မတွေ့ဘူးပါ။

မဟုတ်တာကို အရေးတယူပြူသူမျိုးဟာ ဟုတ်တာမှာ ပေါ့ဆတယ်။ မလုပ်ပဲနေတတ်တယ်။

ရေသောက်ခြင်း၊ ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းဆိုတာတွေက လူတိုင်း နေ့စဉ်လုပ်ရတာတွေဖြစ်တယ်။ အဲဒါကို ရန်ရှာနေတာ မကောင်းပါ။ လူတွေကို ရေသောက်နည်းသင်ပေးနေစရာ တကယ်ကို မလိုပါ။ လာဦးမယ် နှာခေါင်းဖွင့်ပြီး အသက်မရှူရ။

ဒေါက်တာတင့်ဆွေ

၂၈-၁၁-၂၀၂၁

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း