Body odor ကိုယ်နံ့ ချွေးနံ့

မင်္ဂလာပါဆရာ အသက်က ၄၈ နှစ်ပါ အခု နှစ်ပိုင်းအတွင်း ချွေးနံ့တအားပြင်းလာလို့ပါဆရာ  ( - )မှာနေတာပါ အလုပ်ကအရောင်းစာရေးမပါ ဖောက်သည်တွေနဲ့ တွေ့ဆုံစကားပြောရင် အဆင်မပြေဖြစ်ပါတယ် ချိုင်းနံ့မနံပါဘဲ ချွေးကချဉ်နံ့ထွက်နေတာပါ Body Spray လဲသုံးပါတယ် ရေ တနေ့ ၂ ကြိမ်ချိုးပါတယ် ‌ခန(ခဏ)ပဲ ရပါတယ် သောက်ဆေး လေးများရှိရင် ညွန်ပေးပါရှင် လေးစားလျှက်ပါဆရာ (စာလုံးပေါင်း အမှား ထောက်ပြနိုင်ပါတယ်ရှင်)

Body odor ကိုယ်နံ့ https://dr-tint-swe.blogspot.com/2023/01/body-odor.html

ချိုင်းနံ့

၁။ Antiperspirants contain aluminium-based compounds that temporarily block sweat pores, thereby reducing the amount of sweat that reaches your skin.

၂။ Deodorants can eliminate odor but not sweat. They're usually alcohol-based and turn your skin acidic, making it less attractive to bacteria. Deodorants often contain perfume fragrances intended to mask odor.

၃။ Baking Soda. This exceptional kitchen ingredient portraying anti-bacterial property is significant in arresting underarm smell by altering the pH of the underarm skin, thus absorbing sweat and keeping it dry. Baking soda also impedes bacterial growth and blocks the foul smell.

Baking Soda မုန့်ဖုတ်ဆိုဒါကို ဓာတုဗေဒလို ဆိုဒီယမ် ဘိုင်ကာဗွန်နိတ်ဖြစ်တယ်။ မုန့်လုပ်ရာမှာသာမက အသုံးကျတာတွေက များလှတယ်။ အစွန်းတွေဖယ်နိုင်တယ်။ သန့်ရှင်းရေးလုပ်နိုင်တယ်။ ထိခိုက်ဒဏ်ရာရတာမှာလည်း သုံးနိုင်တယ်။ ဗိုက်နာတာသုံးတာတော့ အတော်များများသိတယ်။ အက်စစ်ဓါတ်ကို ပျယ်စေလို့ပါ။ ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ မှိုပိုးတွေ၊ ပါရာဆိုက်တွေကိုလည်းနိုင်တယ်။ ဂေါက်ကြောင့် နာတာကိုလည်း သက်သာစေနိုင်တယ်။ ဆီးလမ်းပိုးအတွက်လည်းသုံးတယ်။ 

Natural Deodorant သဘာဝနည်းနဲ့ အနံ့ပျယ်စေတယ်။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရေရောပြီး ခပ်ပြစ်ပြစ် လုပ်သုံးရတယ်။ ချိုင်းနဲ့ ခြေထောက်လိမ်းရတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ