Hepatitis B Transmission အသဲရောင် ဘီပိုးကူးစက်နည်းလမ်းများ

ဆရာခင်ဗျ။ Hepatitis B အကြောင်းလေး သိချင်လို့ပါ ဆရာ။ ဆရာရေးထားတာတွေလည်း ဖတ်ပြီးပါပြီ ဆရာ။ ဒါပေမယ့် ကျွန်တော် စိတ်ပူတာလေး တခု ရှိလို့ပါ ဆရာ။ ဆရာ အချိန်ရရင် တချက်လောက် ဖြေပေးဖို့ တောင်းဆိုပါတယ် ဆရာ။ Hepatitis B (B ပိုး) က တံတွေးကနေတဆင့် ကူးစက်နိုင်လား ဆရာ။ ဒီနေ့ သူစိမ်းတယောက်နဲ့ ကော်ဖီသောက်ရင်း အလောတကြီးသွားစရာလို့ ခွက်မှားပြီး သောက်မိပါတယ် ဆရာ။ သူနဲ့ကလည်း အရမ်းရင်းနှီးတဲ့လူလည်း မဟုတ်တော့ သူ့မှာ B ပိုးရှိလားလဲ သေချာ မသိဘူး။ စိတ်ပူလို့ အင်တာနက်ကနေ ရှာကြည့်တော့ CDC က ဖြစ်ဖို့လုံးဝ ရာနှုန်းနည်းတယ်ပြောထားပြီးတော့ တခြား Gov web တွေကလည်း အဲ့လိုပဲ ရေးထားပါတယ် ဆရာ။ ဒါပေမယ့် တချို့တလေတွေကလည်း ကူးစက်နိုင်တယ်လို့ရေးထားတာတွေ့လို့ Facebook မှာ ရှာကြည့်တာ ချွေးကနေ ကူးတယ်လို့လည်း ပြောထားပါတယ်။ လူက လုံးဝ စိတ်ပူနေတာကြောင့် အခုလို ဖြစ်ခဲ့တာကြောင့် ကူးစက်နိုင်လား မကူးစက်နိုင်လားဆိုတာ လိုက်မေးပေမယ့် အဖြေအမျိုးမျိုးထွက်နေပါတယ် ဆရာ။ ဒါ့ကြောင့် ဘယ်ဟာကို အတည်ယူလို့ ရမလဲခင်ဗျ။ HbsAg ကိုလည်း (အစောဆုံး) ဘယ်ချိန်လောက် စစ်သင့်လဲခင်ဗျ။

အသဲရောင် ဘီပိုးကူးစက်နည်းလမ်းများ

အသဲရောင် ဘီပိုးဟာ ပိုးရှိသူရဲ့ သွေး၊ သုက်ရည် နဲ့ ကိုယ်ခန္ဓာရည်တွေ ကိုယ့်သွေးထဲ ရောက်လာရင် ကူးစက်နိုင်တယ်။ 

ပိုးပါသူရဲ့သွေးသွင်းမိခြင်း၊ အတူနေခြင်း၊ ဆေးထိုးအပ်လဲသုံးခြင်း၊ ပိုးရှိမိခင်ကနေ မွေးဖွားဖြစ်စဉ်အတွင်း စတဲ့ နည်းလမ်းတွေကနေ ကူးစက်ခံရနိုင်တယ်။

ချွေး၊ တံတွေး စတာတွေကနေ ကူးစက်ကြောင်း အခုထိ အထောက်အထား ခိုင်လုံတာ မတွေ့သေးပါ။ ထမင်းအတူစားလို့ မကူးသေးပါ။ ထိကိုင်မှုသက်သက်ကနေလည်း မကူးစက်ပါ။

သွားတိုက်တံ၊ ကိုယ်မွေးရိတ်ဒါး၊ လက်သည်ညှပ် တွဲသုံးရာကနေ ကူစက်ကောင်း ကူးစက်နိုင်တယ်။

အပ်စိုက်ကုသမှုကနေ ကူးစက်နိုင်တယ်။

ပိုရှိသူရဲ့ အနာ ဒဏ်ရာကိုင်မိရင် ကူးစက်နိုင်တယ်။

သံသယရှိရင် သွေးစစ်ရမယ်။ သံသယဖြစ်စရာနဲ့ ကြုံပြီးနောက် ၄ ပတ် (၁ ပတ်မှ ၉ ပတ်) နေရင် HBsAg တွေ့မယ်။ 

ကူးစက်ခံရရင် အစောဆုံးရောဂါလက္ခဏာကို ၉၀ ရက် (၆၀ - ၁၅၀ ရက်) မှာ ခံစားရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ