Omeprazole Side effects ဆေး၏ ဘေးထွက်သက်ရောက်မှုများ

ဆရာရေ ကျွန်တော့်ဖေ့စ်ဘုတ်ပေါ်မှာ အခုပုံမှာလို ကြော်ငြာသဘောမျိုး ပေါ်လာတာကိုတွေ့လို့ သေချာဖတ်လိုက်တာ omeprazole က နှလုံးအတွက် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့သဘောလား ကျွန်တော်ကောင်းကောင်းသဘောမပေါက်လို့ သေချာသိရအောင် မေးမြန်းခြင်းဖြစ်ပါတယ်။

အများဆုံးဖြစ်သည်များ

ပျို့

အန်

လေပွ

အဆစ်နာ

ဝမ်းပျက်

ဗိုက်အောင့်

ဝမ်းချုပ်

လေပွ၊

ခေါင်းမူး။

တာရှည်ဖြစ်နိုင်သည်များ

ဆေးကို ၃ လကျော်သောက်သုံးပါက

Magnesium ဓါတ်နည်းလို့ မောမယ်၊ စိတ်မကြည်မလင်ဖြစ်မယ်။ ခေါင်းမူးမယ်။ ကြွက်သားလှုပ်မယ်။ နှလုံးခုန် မူမမှန်ဖြစ်မယ်။

ဆေးကို ၁ နှစ်ကျော်သုံးပါက

အရိုးကျိုးလွယ်မယ်။

အူလမ်းပိုးဝင်မယ်။

vitamin B12 deficiency ဘီ-၁၂ နည်းလို့ မောမယ်။ လျှာအနာ ပါးစပ်ပေါက်မယ်။ အပ်နဲ့ထိုးသလိုနာမယ်။

ဆေးနဲ့ အစာအိမ်အနာ သုတေသနလုပ်နေဆဲ။

မှတ်ချက် - 

ဆေးသုတေသနတွေ နေ့တိုင်း လုပ်နေတယ်။ ဆေးသုံးစွဲရသူတွေအနေနဲ့ FDA က တားမြစ်ချက် ရှိ မရှိကိုသာ သိရန် လိုပါတယ်။ 

အခုစာရေးနေချိန်အထိ ဒီဆေးကို ယူအက်စ်အေမှာ OTC ခေါ် ဆရာဝန်လက်မှန်မလိုဘဲ ရောင်းပါတယ်။

Pantoprazole နဲ့ Omeprazole ဆေး https://dr-tint-swe.blogspot.com/2021/09/pantoprazole-omeprazole.html 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ