Pilonidal Sinus အနာ

ဆရာရှင့် နားထဲမှာအနာပေါက်တဲ့အကြောင်းလေး တင်ပေးပါအုံးရှင့် သမီးက အနာပေါက်လို့ နားအနောက်(နားနောက်)ကနေ ခွဲရသူပါ အကြားအာရုံလည်းမရ အနာကလည်နှလ(နှစ်လ)ကျော်တောင်မကျက် နားကအဲ့လိုဘဲ ကြာလားရှင့် အနာကသေးသေးလေးကျန်ပြီး ပြည်အနည်းငယ်ထွက်နေပါတယ် စိတ်ဓာတ်တွေလည်းကျနေပါပြီရှင့် လေးစားလျက်ပါဆရာရှင့်

ပြည်ထွက်တဲ့အနာအတွက် ပိုးသေဆေးနဲ့ အနာသက်သာဆေး လိုမယ်။ ဆေးထည့်ရမယ်။ ပြည်ကုန်အောင်ထွက်စေရမယ်။

နောက်အနာတမျိုးက ဆိုင်းနပ်စ် လို့ခေါ်တယ်။ လမ်းကြောင်းလိုဖြစ်နေတာ။ ကြာတတ်တယ်။ ကုသနည်း တမျိုးပါ လိုတတ်တယ်။ ဥပမာ ခြစ်ထုတ်ပစ်နည်း။

မေးခွန်းပါအနာ ဘယ်လိုလဲ သေချာ မသိသေးပါ။

နားအနောက်ကနေခွဲပြီးပြည်ခြစ်ထုပ်(ထုတ်)ထားတာပါရှင် အဲ့လိုဘဲသိပါတယ် ဆရာဝန်ကဘားမမပြောဘူးရှင့် ခွဲပြီးလည်းထပ်ခွဲပြီးခြစ်ရသေးလားရှင့်မအားတဲ့ကြားကဖြေပေးတဲ့ဆရာ ကိုအထူးကျေးဇူးတင်လို့ မျက်ရည်ပါကျတယ်ဆရာရှင့်

Sinus အနာဆိုရင်သာ မပျောက်သေးရင် ခြစ်ထုတ်ရတတ်တယ်။ မေးတဲ့သူအနာ အဲလို ဟုတ် မဟုတ် မသိသေးပါ။

ဆေးစာထဲမှာ ရေးဂါအမည် မပါ။ ထပ်ဖြေရန် မရှိသေးပါ။

ပြောဦးမယ်။ နားအနောက် မဟုတ်။ နားနောက်လို့ ရေးရတယ်။ နောက် နဲ့ အနောက်၊ ရှေ့ နဲ့ အရှေ့ မှားရေးနေသူတွေ များတယ်။

အနောက်ဆိုတာ နေဝင်ရာအရပ်။ အရှေ့ဆိုတာ နေထွက်ရာအရပ်။

နောက်ဆိုတာ နောက်ကျောဘက်၊ နောက်ကလူ၊ နောက်နေတန်းစီ၊ အချိန်နောက်ကျ။

အနောက်ဆိုတာ အနောက်ဘက်အိမ်၊ အနောက်ဘက်ရွာ၊ အနောက်နိုင်ငံ။

တကယ်လို့ လူနာဟာ မြောက်ဘက်ကိုလှည့်နေမယ်ဆိုရင် သူ့ညာဘက်နားက  အရှေ့ဘက်မှာ၊ သူ့ဘယ်ဘက်နားက အနောက်ဘက်အရပ်မှာ ရှိမယ်။

တကယ်လို့ လူနာဟာ တောင်ဘက်ကိုလှည့်နေမယ်ဆိုရင် သူ့ညာဘက်နားက  အနောက်ဘက်အရပ်မှာ၊ သူ့ဘယ်ဘက်နားက အရှေ့ဘက်မှာ ရှိမယ်။

လူနာက တောင်ဘက်၊ မြောက်ဘက်လှည့်နေပြန်ရင် သူ့နားဟာ အရပ်မျက်နှာ တမျိုးစီ ဖြစ်ဦးတယ်။

A fistula is a canal that develops between two points to drain an infection from an abscess, and a sinus tract is a drainage canal that originates at a point of infection but has only one ending.

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ