Polio ပိုလီယိုရောဂါ

Polio ပိုလီယိုရောဂါ

ဦးလေးတစ်ယောက်(တယောက်) ခြေထောက် တချောင်းက သေး သိမ်ပြီး နိမ့်သွားတယ်ဆရာ။ ၂ နှစ်လောက်ရှိပြီ တဖြည်းဖြည်း ဖြစ်လာတာ။ ခြေခုံ အကြောတော့ ပြက်(ပြတ်)ဖူးတယ်ဆရာ။အဲ့ဒါလေး သိချင်လို့ပါ ဆရာ။ အနှောင့်အယှက်နဲ့ သတ်ပုံ အမှားများရေင်တောင်းပန်ပါတယ် ခင်ဗျာ။ ဘယ်လို ရောဂါမျိုးလို့ ခေါ်မလဲ ဆရာ။

Polio ခေါ် poliomyelitis ရောဂါကို သံသယရှိရမယ်။ poliovirus ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်။ ကူးစက်တယ်။အများအားဖြင့် အိမ်သာကနေကူးစက်တယ်။ ကန်တော့။ တကိုယ်ရေသန့်ရှင်းရေးနည်းလို့ ဖြစ်လေ့ရှိတယ်။ သောက်ရေမသန့်လို့လည်း ကူးစက်နိုင်တယ်။

ဖြစ်ရင် အာရုံကြောတွေပျက်စီးတယ်။ ပျောက်အောင်ကုသလို့ မဖြစ်နိုင်တော့ပါ။ ဆောရီး။

မေးခွန်းပါလူနာ ပိုလီယိုဖြစ်နေတယ်လို့ ပြောနိုင်သေးတာတော့ မဟုတ်ပါ။ ဆရာဝန်ကနေ စမ်းသပ် စစ်ဆေးမှသာ ရောဂါအမည် သိပါမယ်။

ကလေးတိုင်းကို ပိုလီယိုကာကွယ်ဆေး ထိုးကြရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ