Second-hand smoke ဆေးလိပ်ငွေ့ရှူရသူများ

ဆရာရှင့် သမီးက လမ်းဘေးစျေးရောင်းတာပါ စျေးရောင်းတဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေများပါတယ် အများစုက ဆေးလိပ်သောက်ကြတာ ကြာလာရင် သမီးရောဂါ ရတော့မယ်ထင်ပါတယ် အသက်ငယ်တုန်းက မသိသာပေမဲ့ အခု အသက် ၃၉ မှာ ဆေးလိပ်နံရရင်ကိုပဲ လည်ချောင်းထဲကစပ်နေပါတယ် စျေးမရောင်းလို့ လည်းမရတဲ့ အခြေအနေတစ်ရပ်မို့ Mask လည်း အကြာရီး(ကြီး)တပ်ဖို့ အဆင်မပြေသလိုပါပဲ ဆောင်ရန်ရှောင်ရန်နှင့် ဘယ်လိုအစားအစာမျိုးစားသုံးရမယ်ဆိုတာ လမ်းညွှန်ပေးပါရှင့်

ဆောရီး။ ဟုတ်တယ် ကျွန်တော်တို့နိုင်ငံမှာ ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဘီယာ၊ မူးယစ်ဆေး စတာတွေမှာ စည်းကမ်းမထားကြပါ။ စည်းကမ်းထားရပါမယ်။

ဒီစာမှာ ဆေးလိပ်အတွက်သာ ရေးပါမယ်။ ကိုယ်တိုင်ဆေးလိပ်မသောက်သူတွေလည်း အငွေ့ရှူကြရလို့ ဒုက္ခပေးတယ်။ တဆင့်ခံဆေးလိပ်သောက်သူများလို့ ခေါ်ဆိုတယ်။

Short-term effects ရေတိုသက်ရောက်မှုများ

• Coughing ချောင်းဆိုး

• Headaches ခေါင်းကိုက်

• eye and nasal irritation မျက်စိနဲ့ နှာခေါင်း အနေရခက်

• sore throat လည်ချောင်းနာ

Long-term effects ရေရှည်သက်ရောက်မှုများ

• coronary heart disease (risk increased by 25-30%) နှလုံးသွေးကြောရောဂါ

• lung cancer (risk increased by 20-30%) and other cancers အဆုတ်ကင်ဆာနှင့် အခြားကင်ဆာများ

• stroke (risk increased by 20-30%) စထုပ် ခေါ် လေဖြတ်ခြင်း

Pregnant women ကိုယ်ဝန်ဆောင်များ 

• ကိုယ်ဝန်မူမမှန်ဖြစ်ခြင်း

• စောမွေးခြင်း

Risks to children ကလေးများ

• breathing problems, illnesses and infections အသက်ရှူလမ်းပြဿနာများ၊ ပိုးဝင်ခြင်း၊

• reduced lung function အဆုတ်လုပ်နိုင်စွမ်းနည်းခြင်း၊

• wheezing illnesses and asthma ပန်းနာ

• sudden and unexpected death in infancy (SUDI) ရုတ်တရက် မမျှောလင့်ဘဲ အသက်ဆုံးခြင်း

• ear, nose and throat problems, in particular middle ear disease နား၊ နှာခေါင်း၊ လည်ချောင်းရောဂါများ

• bacterial meningitis ဦးနှောက်အဖုံးလွှာရောင်ခြင်း

• bronchitis လေပြွန်ရောင်ခြင်း

• pneumonia နူမိုးနီးယား

• acute respiratory illnesses အသက်ရှူလမ်းရက်တိုရောဂါများ။

အစားအသောက် ပုံမှန်သာ စားသောက်ရန်လိုတယ်။ ဖြစ်နိုင်သလောက် နှာခေါင်းစည်း သုံးရမယ်။ လက်ကို မကြာခဏဆေးရမယ်။ 

ဆေးလိပ်သောက်သူများခင်ဗျား သူများတွေကို ဒုက္ခမပေးကြစေလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ