Symptoms of uterine cancer သားအိမ်ကင်ဆာ လက္ခဏာများ

သားအိမ်ကင်ဆာက ဘယ်လိုလက္ခဏာတွေ ဖြစ်တက်လည်း(ဖြစ်တတ်လဲ)ဆိုတာ ဖြေပေးပါလားဟင်သိတဲ့သူများ

ဆရာဝန်ကိုမေးတာ မဟုတ်ပါ။ ကင်ဆာနေရာတခုမှာ မေးထားတာကို အမှတ်တမဲ့မြင်မိတာ။

ကင်ဆာနေရာမှာ စာလုံးပေါင်းသတ်ပုံပြင်ပေးတာ မကြိုက်လို့ မေးခွန်းအောက်ကနေ မဖြေတော့ပါ။ စည်းကမ်းထားတာတော့ ကောင်းပါတယ်။

သားအိမ်ကင်ဆာ လက္ခဏာများ

၁။ မွေးလမ်းကနေ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းဟာ ပင်မလက္ခဏာဖြစ်တယ်။ ပုံမှန်မဟုတ်ဆိုတာ လစဉ်ရာသီ ရက်၊ လ မမှန်တာ၊ ကြားရက်ဆင်းတာ၊ သွေးဆုံးပြီးမှ ပြန်ဆင်းတာ။

၂။ တခြားလက္ခဏာများ

ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်းတာက အနံရခြင်း၊ 

သွေးသာမက ဆင်းခြင်း၊

အတူနေစဉ် မနာသင့်ဘဲနာခြင်း၊

တင်ပါးဆုံတွင်းနာခြင်း၊ လေးလံနေခြင်း၊

ဆီးသွားစဉ်နာခြင်း၊ ဆီးထဲသွေးပါခြင်း၊ ဆီးသွားရခက်ခြင်း၊

ဝမ်းသွားတာ ပုံမှန်မဟုတ်ဖြစ်လာခြင်း၊

ဗိုက်ဖောင်းခြင်း၊ ဖျင်းခေါ် ဗိုက်ထဲအရည်အောင်းခြင်း၊

ကိုယ်အလေးချိန်ကျခြင်း၊

အစားအသောက်ပျက်ခြင်း၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ