Undifferentiated Pleomorphic Sarcoma ဆာကိုးမား

ကျမယောကျ်ားက အသက်၃၈နှစ်ပါ ညာဘက် ပေါင်ခြံမှာ အကျိတ်ပေါက်လို့ ခွဲပြီးပါပြီ Pleomorphic sarcoma တဲ့ သေသေချာချာ ကုသရင် ပျောက်ကင်းနိုင်လားရှင် အရမ်းစိုးရိမ်သောက များနေရလို့ပါ ဆာကိုးမား ပျောက်သွားတဲ့သူတွေ အားပေးပါအုံးနော်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။

ကင်ဆာအမျိုးအစားထဲကဖြစ်တယ်။

ကုသနည်းကိုသာ ရေးမယ်။

ခွဲစိတ်ကုသရမယ်။ ဖြစ်တဲ့ဘက်ကို ဖြတ်ရတယ်ဆိုတာ ရှားတယ်။

ဓါတ်ကင်နည်း ဆက်လုပ်မယ်။ တချို့လူနာတွေကို ဓါတ်ကင်တာ အရင်လုပ်တယ်။ ဘေးကိုပြန့်နေသူတွေကို ခီမိုသာရာပီလည်း ပေးတယ်။

ပြန်ပြရမဲ့အချိန်မှာ ပြန်ပြရပါမယ်။ ၆ လတခါ၊ ၂ နှစ်ကြာ။ နောက် တနှစ်တခါ၊ ၁၀ နှစ်ကြာ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ