valsartan 80 ဘေးထွက်သက်ရောက်မှုများ

၁။ မင်္ဂလာပါဆရာရှင့် ကျမ အမေက အသက် ၇၂ နှစ်ပါ နှလုံးသွေးကြောကျဥ်းတာ ၉နှစ်ရှိပါပီ(ပါပြီ) ပါမောက္ခတယောက်နဲ့ပြနေတာ ၉နှစ်ရှိပါပီ(ပါပြီ) သွေးကြောကို stent ထောက်ထားရပါတယ်

Febo G 40

Atovastatin 20

Valsartan 80

Vastarel mr 

metpure xl 12•5ကို တခြမ်းစီ

ecosprin သောက်နေရပါတယ် သိထားသလောက်က xl တို့ mr တို့ပါတဲ့ဆေးတွေက တခြမ်းချိုးပီး(ပြီး) မသောက်ရဘူးလို့ဖတ်ရပါတယ် ဒါကို ဆရာဝန်က metpure xl 12•5ကို တခြမ်းစီသောက်ခိုင်းပါတယ် ပြန်မမေးရဲလို့မမေးဘဲသောက်လာတာ နှစ်တွေကြာပါပီ(ပါပြီ)ဆရာရှင့် အန္တရာယ်ရှိပါလားရှင့် valsartan 80 ကလဲ ကင်ဆာဖြစ်စေတဲ့ပါတယ်ဆိုတာရော ဟုတ်လားဆရာရှင့် နှစ်ရှည်ဆေးသောက်နေရတာရော အသက်အရွယ်ကြီးနေတာ ဖြစ်တဲ့အတွက် ဆေးကြောင့်ထပ်ပီး(ပြီး)အန္တရာယ်ဖြစ်မှာလဲကြောက်လို့ပါ

ဆေးပြားတွေကို မခြမ်းရလို့ မရှိပါ။ ဆေးရည်ကို တဝက်မခွဲရလို့လည်း မရှိပါ။ ဆေးအလေးချိန်ညီရင် သောက်နိုင်တယ်။

valsartan 80 ဘေးထွက်သက်ရောက်မှုများ

ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ ဝမ်းပျက်၊ အဆစ် + ကြွက်သားတွေနာ။

ကင်ဆာ မပါ။

တဝမ်းပူသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

 ၂။ ဆရာ တွဲပို့ထားတဲ့ဆေးတွေက မေမေ့ကို (အသက် ၈၆နှစ်) လက်ရှိ ဆရာဝန် တိုက်နေတဲ့ဆေးတွေပါ အစာက နို့ ၂၅၀ml ပဲတနေ့ကို နှာခေါင်းပိုက်မှ သွင်းတာ လက်ခံနိုင်ပါတယ် ဆရာဝန်က ဆေး ထပ်မပေးချင်တော့ပါလို့ ပြောပါတယ် ဆေးတွေ ရပ်လိုက်ရင် မေမေ့ အခြေအနေက အဆိုးဆုံး များ ဖြစ်သွားနိုင်ပါသလား ကျေးဇူးပြု၍ အကြံလေးပေးပါလားဆရာ ကျေးဇူး တင်ပါတယ် ဆရာ

ရောဂါအမည် မသိပါ။ ကုသပေးနေတဲ့ဆရာဝန်က ရောဂါ + လူနာအခြေအနေ + ဆေး ဘေးထွက်ဆိုးကျိုးတွေ ချိန်ဆပြီး အကောင်းဆုံး လမ်းညွှန်ပါမယ်။

ကျေးဇူးပါဆရာ ရောဂါအမည်ကိုတော့ ကုတဲ့ဆရာဝန်ကိုယ်တိုင် မပြောပါ နှလုံး အလုပ်လုပ်ပုံ တခါတလေ မမှန်ဘူး အဆုပ်တဖက်က မကောင်းဘူး ဦးနှောက်က ကျု့ံကျုံ့ လာနေပြီ

အဲဒါတွေပဲ ထပ်ခါထပ်ခါ ပြောပါတယ် ကျေးဇူးပါ။

တဝမ်းပူသတ်ပုံတွေ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ