Alcohol-free Drug-free and be Safe

နှစ်သစ်ကူးကာလ အရက်သောက်ကြတာကနေ အသဲကို ဘယ်လိုဆိုးစေသလဲ

၁၀ နှစ်တိတိကစာ။

ဆရာဝန့်မှာ အစွမ်းတန်ခိုးနဲ့ အာဏာမရှိတာတော့ သိပါသည်။ ၁၀ နှစ်ကတင်ထာတဲ့စာ အရာမရောက်တာလည်း သိပါသည်။ သို့သော် ဆန်ဖြူဖြူတခွက်မရစေဦးတော့ ရသလောက်ဆန်တဆုပ်ထဲကနေ စပါးလုံးကောက်ပါဦးမည်။

• အရက်များလေလေ အသဲကိုထိခိုက်လေဖြစ်တယ်။ ရေတိုနဲ့ ရေရှည်သက်ရောက်မှုတွေဖြစ်ပါမယ်။ 

• အရက်ဟာ သက်ရှိတွေအတွက် အဆိပ်ဖြစ်တာယ်။ သောက်သုံးလို့ အသဲရောဂါ (၃) မျိုးကိုဖြစ်စေမယ်။ 

- (၁) fatty liver အသဲအဆီဖုံးခြင်း၊ 

- (၂) alcoholic hepatitis အရက်-အသဲရောဂါနဲ့ 

- (၃) cirrhosis အသဲခြောက်ခြင်းတွေဖြစ်တယ်။ 

• အရက်သောက်တာကြာသူတိုင်းရဲ့ အသဲမှာ fat globules အဆီလုံးလေးတွေဖြစ်လာမယ်။ ကြာလာရင် hepatitis အသဲရောင်မယ်။

• cirrhosis အသဲခြောက်တယ်ဆိုတာ အသဲမှာအမာရွတ်ဖြစ်တာပါ။ ပြန်မကောင်းနိုင်တော့ပါ။

• အသဲအရွယ်အစား ကြီးနေရင် ဝမ်းဗိုက် ညာဘက်အထက်ပိုင်းနေရာမှာ နာမယ်။

• ၁ဝ နှစ်ရှိသူဆိုရင် ပျို့ချင်၊ အန်မယ်၊ ကိုယ်အလေးချိန်ကျမယ်။ ကိုယ်ပူနိုင်တယ်။ အသား-ဆီး ဝါမယ်။ ဗိုက်ထဲ အရည်အောင်းလို့ ဖေါင်းလာမယ်။ 

• Cirrhosis အသဲခြောက်နေပေမဲ့ ဘာမှမခံစားရသူတွေလဲရှိတယ်။ အစားအသောက်ပျက်တာ၊ အားယုတ်တာသာရှိတယ်။ ကြွက်သားတွေ လှီလာမယ်။ 

• ဆိုးလာရင်တော့ varicose veins သွေးပြန်ကြောတွေထုံးလာမယ်။ အပြင်ကမမြင်ရတဲ့ ဗိုက်ထဲက အစာခြေလမ်းကြောင်းမှာ ဖြစ်တယ်။ ပေါက်ထွက်ရင် သွေးယိုမယ်။ ချက်ချင်းမကုနိုင်ရင် သေနိုင်တယ်။

• Liver failure အသဲကအလုပ်နိုင်အောင်မလုပ်နိုင်တော့ရင် coma သတိလစ်မယ်။ death သေဆုံးမယ်။ 

• အသက်ဆက်ရှည်ချင်ရင် အရက်ဖြတ်လိုက်ပါ။ Fatty liver အဆီဖုံးနေသူဟာ ၃ လကနေ ၆ လကြာရင် ပျောက်သွားနိုင်တယ်။ 

• အသဲခြောက်နေသူ ၂ ယောက်မှာ ၁ ယောက်က ၅ နှစ်နေရင် အသဲအလုပ်မလုပ်နိုင်လို့ သေဆုံးရတယ်။

• ၁၀ ယောက်မှာ ၁ ယောက်က အသဲကင်ဆာဖြစ်မယ်။ 

• အရက်ဖြတ်မယ်၊ တခြားဆိုးဝါးတဲ့ရောဂါလဲမရှိရင် liver transplant အသဲအစားထိုး ကုသနိုင်တယ်။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၁၃

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ