အသက် ၅ နှစ် မိန်းကလေး

(ကန်တော့)

မင်္ဂလာပါဆရာ။ ကျွန်မရဲ့တူမလေးအသက် ၅နှစ်က (ကန်တော့ပါနော်)ရှေ့မိန်းမကိုယ်နဲ့စအို နားလေးတွေ အခါခါ တစ်ရှူးနဲ့သုတ်တာ တွေ့လို့မေးကြည့်တော့ အခါခါယားတယ်ဆိုပြီးပြောပါတယ်ဆရာ သေချာမေးကြည့်တော့ တစ်ခါတလေ(တခါတလေ) ရူးရူးလိုထွက်လို့သုတ်တယ်ပြောပါတယ် သံချထားတာ ၅လကျော် ရှိပါပြီ။ အဲ့တာ အိုဂျီဆရာမကို သွားပြတာ ငွေ ၅သောင်းကျော်လောက်သာကုန်သွားတယ်။ သံ(သန်)ချဆေးပဲ ပေးလိုက်လို့ သောက်လိုက်ပြီးပါပြီ။ ဒါပေမဲ့ အိပ်နေတုန်းလည်း သူတစ်ခါတစ်ခါ(တခါတခါ)ကုတ်နေလို့ မနက်ကမေးကြည့်တော့လည်း ယားနေတုန်းပြောလို့ ၅နှစ်ကလေးလိမ်းလို့ရတဲ့လိမ်းဆေးတွေများရှိပါလား သိချင်ပါတယ်ဆရာရှင့်။ ဒါမှမဟုတ် အထွေထွေဆရာဝန်နဲ့ထပ်ပြသင့်ပါလားဆရာ။

ပဌမတချက်

Cortisone 1% cream လိမ်းနိုင်တယ်။ ချက်ချင်း သက်သာသွားမယ်။ နေ့တိုင်း လိမ်းရန် မလို။ ယားမှသာ လိမ့်ပါ။

နောက်တချက် - အသက်ငယ်ငယ် မိန်းကလေးတွေလည်း အဖြူဆင်းတတ်တယ်။ အဖြူဆင်းတာမှန်ရင် ကိုယ်အလေးချိန် တပေါင်ကို Metronidazone 35 to 50 milligrams နှုန်းတွက်ပြီး စုစုပေါင်းကို တနေ့ ၂-၃ ကြိမ်ခွဲတိုက်နိုင်တယ်။ ၅ ရက်ဆို ပျောက်နိုင်တယ်။ အလွန်ဆုံး ၁၀ ရက်။ ဗဂျိုင်းနားထည့်ဆေး မလိုလောက်လို့ ထင်တယ်။

နောက်တချက် ဆီးသွားတဲ့နေရာတဝှိုက်ကို ရိုးရိုးဆပ်ပြာ + ရေ နဲ့ ဆေးပါ။ ဆေးပြီး ခြောက်သွေ့အောင်လုပ်ပြီးမှ အတွင်းခံဝတ်ပါ။ ပိုးသေဆေး ဆေးရည်တွေ မသင့်ပါ။

သန်ကောင်ကြောင့်ဖြစ်တာမှန်ရင် သန်ချဆေးကို ၂ ပတ်တခါ၊ စုစုပေါင်း ၃ ခါသောက်ရမယ်။ လက်မကြာခဏ ဆေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ